邹立莹

တရုတ်ပြည်၏ COVID-19ကူးစက်ရောဂါ တိုက်ဖျက်ရေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဆက်လက် အားပေးထောက်ခံမည်

(GMT+08:00)2020-06-17 15:28:20  

图片默认标题_fororder_10

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရေးပေါ်လုပ်ငန်းစဉ်ရေးရာ တာဝန်ခံ ဘယ်ကိုလ် ရီအန်က လွန်ခဲ့သည့် ၆လအတွင်း တရုတ်နိုင်ငံသည် COVID-19ကူးစက်ရောဂါ တိုက်ဖျက်ရာတွင် အတွေ့အကြုံများစွာ ရရှိပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံ သက်ဆိုင်ရာလုပ်ငန်းဌာနများသည် ယခုအကြိမ် ဖြစ်ပွားနေသော ကူးစက်ရောဂါကို စုံစမ်းစစ်ဆေးထိန်းချုပ်နေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် တရုတ်ပြည်နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်၍ အထောက်အကူများ ဆက်လက် ပံ့ပိုးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။