辛甜

COVID-19တိုက်ဖျက်ရေး အောင်မြင်နိုင်လိမ့်မည်ဟု ဥက္ကဋ္ဌရှီကျင့်ဖိန်က လာအို နိုင်ငံတော်ဥက္ကဋ္ဌအား စကားပေးပို့

(GMT+08:00)2020-06-16 09:43:35  

ဇွန်လ ၁၅ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်-လာအို COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ လာအို ပြည်သူ့တော်လှန်ရေး ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး နိုင်ငံတော် ဥက္ကဋ္ဌ ဘွန်ညန်အား စကားပေးပို့ရာတွင် တရုတ်နိုင်ငံသည် လာအိုနိုင်ငံနှင့်အတူ ကူးစက်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးလိုပါကြောင်း၊ တရုတ်၊ လာအိုနှင့် နိုင်ငံတကာ မိသားစုကြီးတို့၏ လက်တွဲကြိုးပမ်း အားထုတ်မှုဖြင့်  ကူးစက်ရောဂါ တိုက်ဖျက်ရေး အောင်မြင်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ဖေါ်ပြခဲ့သည်ဟု China Media Grouprမှ သတင်းအရ သိရပါသည်။