辛甜

တရုတ်-မြန်မာ“ဖြတ်လမ်း”တည်ဆောက်

(GMT+08:00)2020-06-16 10:57:14  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက လက်ရှိအချိန်တွင် တရုတ်နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်သည့် ရေနံ၊ သဘာဝ ဓာတ်ငွေ့၊ လျှပ်စစ်ဓာတ်အားနှင့် အခြေခံအဆောက်အအုံ စသည့် လုပ်ငန်းအစီအစဉ်များ၌ လိုအပ်သောအမှုထမ်းများသည်“ဖြတ်လမ်း”မှတစ်ဆင့် အပြန်အလှန် လုပ်ငန်းခွင်သို့  ပြန်လည်ရောက်ရှိပြီး ကုန်ထုတ်လုပ်မှုများကို ပြန်လည် လည်ပတ်ခဲ့ကြပြီဖြစ်ကြောင်း၊ ယင်းသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်ရေးနှင့် နှစ်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးမှုကို တွန်းအားပေးရန်အတွက် အကျိုးရှိကြောင်း ယခုလ ၁၅ ရက်နေ့ က ပီကင်းပုံမှန်သတင်းစာရှင်းလင်းပွ္ပဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။