马宁

၄၅ နှစ်ပြည့်မြောက်ခြင်း ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို အပြန်အလှန်ပေးပို့

(GMT+08:00)2020-06-10 13:40:44  

  တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ဇွန်လ ၉ ရက်နေ့က ဖိလစ်ပိုင်သမ္မတဒူတာတေးနှင့် တရုတ်-ဖိလစ်ပိုင်သံတမန်ဆက်ဆံရေးထားရှိသည့် ၄၅ နှစ်ပြည့်မြောက်ခြင်းကို အထိမ်းအမှတ်ပြု ရန် ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို အပြန်အလှန်ပေးပို့ခဲ့ပါသည်။

  ဝမ်းမြောက်ကြောင်းသဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်နှင့်ဖိလစ်ပိုင်နှစ်နိုင်ငံတို့သည် ဖွံ့ဖြိုးတိုးတက်သည့် သော့ချက်ကျအချိန်ကာလတွင် တည်ရှိနေပြီး ပူးပေါင်းဆောင်ရွက်ရေးအလားအလာ ကျယ်ပြန့်ကောင်းမွန်ကြောင်း၊ မိမိသည် တရုတ်-ဖိလစ်ပိုင်ဆက်ဆံရေးကို အလွန်အလေးထားပြီး သမ္မတဒူတာတေးနှင့်အတူ တရုတ်-ဖိလစ်ပိုင် ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးကို အဆင့်သစ်သို့ အဆက်မပြတ်တက်လှမ်းရန် တွန်းအားပေးလိုကြောင်း ဖေါ်ပြပါသည်။

  ဝမ်းမြောက်ကြောင်းသဝဏ်လွှာတွင် ဒူတာတေးက ၁၉၇၅ ခုနှစ် သံတမန်ဆက်ဆံရေး ထားရှိသည့်နောက်ပိုင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ လက်ရှိ ကမ္ဘာ့လုံခြုံရေးနှင့် တည်ငြိမ်ရေးသည် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရပြီး ကိုဗစ်-၁၉ အပါအဝင် သမာရိုးကျနယ်ပယ် မဟုတ်သော လုံခြုံရေးခြိမ်းခြောက်မှု တစ်နေ့ထက်တစ်နေ့ သိသာထင်ရှားလာ၍ ဖိလစ်ပိုင်-တရုတ် မိတ်ဖက်ဆက်ဆံရေး တစ်ဆင့်တိုး အားသစ်လောင်းပေးခြင်းသည် အလွန်အရေးကြီးကြောင်း ဖေါ်ပြပါသည်။