马宁

တရုတ်သည် ဖိလစ်ပိုင်နှင့် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်နက်ရှိုင်းစေလို

(GMT+08:00)2020-06-10 14:10:43  

  ဇွန်လ၉ရက်နေ့သည် တရုတ်-ဖိလစ်ပိုင် သံတမန်ဆက်ဆံရေး တည်ထောင်သည့် ၄၅နှစ်ပြည့်မြောက်ခြင်းအထိမ်းအမှတ်နေ့ဖြစ်သည်။ ထိုနေ့က ပီကင်းတွင် ကျင်းပသော ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်းယဉ်က တရုတ်-ဖိလစ်ပိုင် သံတမန်ဆက်ဆံရေး တည်ထောင်သည့် ၄၅နှစ်ပြည့် မြောက်ခြင်းကို တာထွက်ရာ အချိန်သစ် အဖြစ် ထားပြီး တရုတ်ပြည်သည် ဖိလစ်ပိုင်နှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီး သဘောတူညီချက်များကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကာ နိုင်ငံရေးအပြန်အလှန် ယုံကြည်မှုကို တစ်ဆင့်တိုးပွားစေ၍ ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံပြည်သူ့ ကောင်းကျိုးနှင့် ဒေသတွင်းတည်ငြိမ်မှုနှင့် စည်ပင်သာယာရေးအတွက် အကျိုးပြု စွမ်းဆောင်လိုကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။