朱蕾

တရုတ်နှင့်မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထားရှိသည့် နှစ် ၇၀ ပြည့်မြောက်ခြင်းနှင့် ပတ်သက်၍ နှစ်နိုင်ငံခေါင်းဆောင်တို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာအပြန်အလှန်ပေးပို့

(GMT+08:00)2020-06-09 13:19:38  

  တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတို့ သံတမန် ဆက်ဆံရေးထားရှိသည့် နှစ် ၇၀ ပြည့်မြောက်ခြင်းနှင့်ပတ်သက်၍ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံခေါင်းဆောင်တို့သည် ဂုဏ်ပြုကြောင်းသဝဏ်လွှာ အပြန်အလှန်ပေးပို့ရာ နှစ်နိုင်ငံ ချစ်ကြည်ရေးဆက်ဆံမှု ဆက်လက်ကောင်းမွန်ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်နိုင်အောင် တွန်းအားပေးရန် လိုအင်ဆန္ဒကို ဖော်ပြကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်းယဉ်က ယမန်နေ့ ၈ ရက်နေ့က ပီကင်းတွင် ကျင်းပခဲ့သော ပုံမှန် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။