马宁

(ကိုဗစ်၁၉ခုခံတိုက်ဖျက်ရေးဆိုင်ရာတရုတ်ပြည်လုပ်ဆောင်ချက်) စက္ကူဖြူ စာတမ်းထုတ်ပြန်

(GMT+08:00)2020-06-07 15:01:43  

  တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် ယခုလ ၇ ရက်နေ့က (ကိုဗစ်၁၉ ခုခံတိုက်ဖျက်ရေးဆိုင်ရာ တရုတ်ပြည်လုပ်ဆောင်ချက်) စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

图片默认标题_fororder_bps

  ယင်းစက္ကူဖြူစာတမ်းသည် ကိုဗစ် ၁၉ ရောဂါ တရုတ်က အဆင်းရဲ အပင်ပန်းခံပြီး ခုခံတိုက်ခိုက်ရေးဖြစ်စဉ်ကို အစစ်အမှန်ဖြင့် မှတ်တမ်းတင်ထားသော အရေးကြီး  မော်ကွန်းဝင်စာတမ်းဖြစ်ပြီး၊ အချီးစကား၊ စာကိုယ်နှင့် နိဂုံးချုပ်စကား အပိုင်း ၃ ပိုင်းခွဲ၍ စာလုံးစုစုပေါင်း ၃၇၀၀၀ ရှိသည်။

图片默认标题_fororder_bps2

  ကိုဗစ် ၁၉ ရောဂါ သည် လွန်ခဲ့သည့် နှစ် ၁၀၀ခန့်တွင် လူသားတစ်ရပ်လုံး ရင်ဆိုင် ကြရသည့် ကမ္ဘာ့အတိုင်းအတာတွင် ပြင်းထန်သော ကူးစက်ရောဂါကြီးဖြစ်သည်။ ယင်း စက္ကူဖြူစာတမ်းတွင် ရုတ်တရက်ရှောင်တခင်ဖြစ်ပွားလာပြီး၊ မကြုံစဖူးသော ရောဂါ ဘေး အန္တရာယ်နှင့် ရင်ဆိုင်ရာ၌ တရုတ်ပြည်သည် ရောဂါခုခံတိုက်ဖျက်ရေးတွင် ရှေ့ဆောင်   ရှေ့ရွက်ပြုခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်အစိုးရအနေနှင့် ရောဂါခုခံ တိုဖျက်ရေးအပေါ် အလွန့်အလွန်အရေးထားပြီး၊ ချက်ချင်းလုပ်ဆောင်ချက်ပြုလုပ်ကြောင်း၊ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်က ကိုယ်တိုင်ကိုယ်ကျ ဦးစီးကွပ်ကဲပြီး၊ ကြံ့ခိုင်ပြတ်သားစွာ ဆုံးဖြတ်ချက်ချမှတ်ကာ၊ တရုတ်ပြည်သူများမှ ကိုဗစ် ၁၉ ရောဂါ ခုခံ တိုက်ဖျက်ရေးအတွက် ကြုံကြည်စိတ်ခိုင်မာစေပြီး၊ ဦးတည်ချက်ကိုလည်းလမ်းညွှန်ဖော်ပြခဲ့   ကြောင်း ရေးသားဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။