辛甜

တရုတ်နှင့် မြန်မာ သိပံ္ပပညာ ပူးတွဲ စူးစမ်းလေ့လာမှု ၉ ကြိမ် ပြုလုပ်ပြီး ဇီဝသတ္တဝါ မျိုးစုံ တည်ရှိရေးကို ထိန်းသိမ်းကာကွယ်နေ

(GMT+08:00)2020-06-05 12:48:05  

图片默认标题_fororder_缅1

ဇွန်လ ၅ ရက်နေ့သည် ကမ္ဘာ့ ပတ်ဝန်းကျင်နေ့ ဖြစ်ပါသည်။ ယခုနှစ် ပတ်ဝန်းကျင်နေ့၏ ဆောင်ပုဒ်သည် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရန် အမြန်ဆုံး ဆောင်ရွက်ကြခြင်း ဖြစ်ပြီး ဇီဝသတ္တဝါမျိုးစုံတည်ရှိရေးကို အဓိက အကြောင်း အဖြစ် ထားပြီး ဆောင်ရွက်နေပါသည်။    

တရုတ်ပြည်၏ အိမ်နီးချင်းနိုင်ငံ မြန်မာနိုင်ငံသည် ဇီဝသတ္တဝါမျိုး ပေါကြွယ် များပြားခြင်းဖြင့် နာမည်ကျော်ကြားသည် ဖြစ်သော်လည်း ဇီဝသတ္တဝါ မျိုးသုဉ်းမှု အမြန်ဆုံးသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ ဂေဟစနစ် ထိန်းချုပ်ကာကွယ်ရေးကို အကူအညီ ပေးရန်အတွက် တရုတ်သိပံ္ပပညာ တံခွန်အသင်းကြီး အရှေ့တောင်အာရှဒေသ ဇီဝသတ္တဝါမျိုးစုံတည်ရှိရေး သုတေသနစင်တာသည် ၂၀၁၄ ခုနှစ်ကစပြီး မြန်မာနိုင်ငံ သက်ဆိုင်ရာဌာနများနှင့်အတူ မြန်မာနိုင်ငံ၌ သိပံ္ပပညာ ပူးတွဲ စူးစမ်းလေ့လာမှုကို ၉ ကြိမ် ပြုလုပ်ပြီး အောင်ကျိုးရလဒ်များစွာ ရရှိခဲ့သည်ဟု  China Media Groupမှ သတင်းအရ သိရပါသည်။

   ထမ်ယွင့်ဟုန်သည် သိပံ္ပပညာ တံခွန်အသင်းကြီး အရှေ့တောင်အာရှဒေသ ဇီဝသတ္တဝါမျိုးစုံတည်ရှိရေး သုတေသနစင်တာ ဆစ်ဆောင်ပနား အပူပိုင်း ရုက္ခပင် ထိန်းသိမ်းကာကွယ်ရေးအဖွဲ့ တာဝန်ခံနှင့် ရုက္ခပင် ပညာရှင် တစ်ဦး ဖြစ်ပြီး မြန်မာ အထက်ပိုင်း တောရိုင်းသစ်တောတွင် အကြိမ်ပေါင်းများစွာ စူးစမ်းလေ့လာခဲ့ဖူးသည်။ ထမ်ယွင့်ဟုန်က၊ ပူးတွဲ စူးစမ်းလေ့လာရေးအဖွဲ့သည် တိရစ္ဆာန်နှင့် ရုက္ခပင် မျိုးသစ် ၆၃ ခုကို တွေ့ရှိပြီး ယင်းတို့အနက် ကချင် magnolia အပင်၊ ကချင် Siu Lam အပင် စသဖြင့် ပါဝင်ကြောင်း၊ ထို့ပြင် တစ်ကမ္ဘာလုံးတွင် ကောင်ရေ ၅၀၀ သာ ရှိသည့် ဗိုက်ဖြူ ကျူးကျားငှက်နှင့် မင်္ဂလာကျား၊ leopard ကျားသစ်၊ Clouded Leopard ကျားသစ် စသည့် မျိုးသုဉ်းလုနီး သတ္တဝါမျိုးလည်း တွေ့ရှိခဲ့ကြောင်း ပြောကြားပါသည်။