邹立莹

တရုတ်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနသည် လာအိုနိုင်ငံတော်ကာကွယ်ရေး ဝန်ကြီးဌာနအား ဒုတိယအသုတ် COVID-19ကာကွယ်ရေး ဆေးပစ္စည်းများကို ထောက်ပံ့ကူညီပေး

(GMT+08:00)2020-06-04 15:17:40  

ဇွန်လ ၂ ရက်နေ့က တရုတ်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနသည် လာအိုနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနအား ဒုတိယအသုတ် COVID-19 ကူးစက်ရောဂါ ကာကွယ်ရေး ဆေးပစ္စည်းများကို တရုတ်လေတပ် လေယာဉ်များဖြင့် လာအိုနိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း၊ လာအိုနိုင်ငံဆိုင်ရာ တရုတ်စစ်သံမှူး ဗိုလ်မှူးကြီး ချင်ယုံကျင့်နှင့် လာအို ပြည်သူ့တပ်မတော် ထောက်ပံ့ရေးဌာန ခေါင်းဆောင် ဗိုလ်ချုပ် ဗွန်ကန် တို့သည် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း China  Media  Group မှ သတင်းအရ သိရပါသည်။

ဗိုလ်ချုပ်ဗွန်ကန်က တရုတ်ပြည်၏ ကမ္ဘာ့ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် အကျိုးပြု စွမ်းဆောင်မှုကို တန်ဖိုးထားချီးကျူးပါကြောင်း၊ လာအိုနိုင်ငံသည် တရုတ်တပ်မတော်၏ အချိန်မီ ကူညီထောက်ပံ့ပေးခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။