辛甜

၂၀၂၀ပြည့်နှစ် တရုတ်အစိုးရလုပ်ငန်းအစီရင်ခံစာ နေရာ၈၉ ခု ပြင်ဆင်

(GMT+08:00)2020-05-30 13:40:41  

တရုတ်နိုင်ငံတော်ကောင်စီပြန်ကြားရေးရုံးသည် မေလ၂၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့သည်။ အစိုးရလုပ်ငန်း အစီရင်ခံစာ ရေးဆွဲရေးအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ သုတေသနရုံး တရုတ်ကွန်မြူနစ်ပါတီအဖွဲ့ အဖွဲ့ဝင် စွန်ကိုကျွင်က အစိုးရလုပ်ငန်း အစီရင်ခံစာ ပြင်ဆင်ရေး အကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။ စွန်ကိုကျွင်က ယခုနှစ် အစိုးရလုပ်ငန်း အစီရင်ခံစာသည် လွန်ခဲ့သည့်နှစ်များကထက် တစ်ဝက် တိုလာသဖြင့် ပြည်သူ့ကိုယ်စားလှယ်များ၏ တိုးချဲ့ဖြည့်စွက်ရန် အဆိုပြုချက်မှာ ယခင်ကထက် ပိုများကြောင်း၊  ဖြည့်စွက်ပြင်ဆင်သောနေရာ စုစုပေါင်း ၈၉ ခုရှိသည့်အနက် ၃ပုံ၂ပုံသည် ပြည်သူများ နေထိုင်မှုဘဝနှင့် ပတ်သက်ပါကြောင်း၊ အဓိကအားဖြင့် ပြည်သူ့နေထိုင်မှုဘဝ အာမခံပေးရေး၊ COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စားသုံးမှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး စသော နယ်ပယ်များ ပါဝင်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။