朱蕾

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၏ နိုင်ငံတော်လုံခြုံမှုထိန်းသိမ်းကာကွယ်ရေးဥပဒေနှင့် ကျင့်သုံးရေးစနစ်တည်ထောင်ရေးနှင့် ပိုမိုကောင်းမွန်ပြည့်စုံစေရေးဆုံးဖြတ်ချက်ကို ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် မဲပေးဆုံးဖြတ်အတည်ပြု

(GMT+08:00)2020-05-29 13:28:59  

  တရုတ်နိုင်ငံ အမြင့်ဆုံး ဥပဒေပြုရေးဌာနဖြစ်သည့် ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်သည် ယခုလ ၂၈ ရက်နေ့က ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၏ နိုင်ငံတော်လုံခြုံမှုထိန်းသိမ်းကာကွယ်ရေးဥပဒေနှင့် ကျင့်သုံးရေးစနစ် တည်ထောင်ရေးနှင့် ပိုမိုကောင်းမွန်ပြည့်စုံစေရေးဆုံးဖြတ်ချက်ကို မဲပေးဆုံးဖြတ်အတည်ပြုပြီး ဆုံးဖြတ်ချက်ကို ထုတ်ပြန်သည့်ရက်မှ စတင်ကျင့်သုံးမည်ဖြစ်သည်။

  နိုင်ငံတော်အချုပ်အခြာအာဏာပိုင်ခွင့်၊ လုံခြုံမှု၊ ဖွံ့ဖြိုးရေးအကျိုးကို ထိန်းသိမ်းကာကွယ်ရန်၊ တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး မူဝါဒကို စွဲကိုင်ပြီး ပိုမိုကောင်းမွန်ပြည့်စုံစေရန်၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ရေရှည်စည်ပင်သာယာဝပြောရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန်နှင့် ဟောင်ကောင်သူဟောင်ကောင်သားများ၏ တရားဝင်အခွင့်အရေးကို ထိန်းသိမ်းကာကွယ်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၁ နှင့် ပုဒ်မ ၆၂ မှ အမှတ်၂၊ အမှတ် ၁၄ ၊ အမှတ် ၁၆ သတ်မှတ်ချက်များနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအခြေခံဥပဒေမှ သက်ဆိုင်ရာသတ်မှတ်ချက်များအရ ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်သည် ဆုံးဖြတ်ချက်ပြုလုပ်ခြင်းဖြစ်သည်။