ဟောင်ကောင် cyberport ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌလင်ကျားလီသည် ယခုလ ၂၇ ရက်နေ့က China Media Group သတင်းထောက်နှင့် တွေ့ဆုံရာတွင် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသမှ နိုင်ငံတော်လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေးဥပဒေနှင့် ကျင့်သုံးရေးစနစ် တည်ထောင်ရေးနှင့် ပိုမိုကောင်းမွန်ပြည့်စုံစေရေးသည် ဟောင်ကောင်ဒေသတည်ငြိမ်ရေးကို အာမခံပေးနိုင်ပြီး ဟောင်ကောင်ဒေသ၏ လုံခြုံတည်ငြိမ်သော ဥပဒေပတ်ဝန်းကျင်နှင့် စီးပွားရေးပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအတွက် အကျိုးရှိရုံသာမက ဟောင်ကောင်ရေရှည်ဖွံ့ဖြိုးရေးအကျိုးနှင့်လည်း ကိုက်ညီကြောင်း ပြောကြားပါသည်။