李悦

နိုင်ငံတော် လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက်၏ ဆုံးဖြတ်ချက်သည် တိုင်းပြည်တစ်ပြည် စနစ်၂မျိုး မူဝါဒ ရေရှည်တည်ငြိမ်စွာ ကျင့်သုံးရေးကိုအာမခံပေးမည်ဟုလီခေ့ချန်ဆို

(GMT+08:00)2020-05-28 19:02:01  

ယခုလ ၂၈ရက်နေ့ ညနေပိုင်းက ၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် တတိယအကြိမ် အစည်းအဝေးတွင် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ နိုင်ငံတော်လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေးဥပဒေစနစ်နှင့် ကျင့်သုံးရေးစနစ် တည်ဆောက်ရေးနှင့် ချွတ်ယွင်းမှု မရှိစေရန် ပြည့်စုံစေရေးဆိုင်ရာဆုံးဖြတ်ချက်ကို အတည်ပြု ပြဌာန်းခဲ့ကြောင်း၊ အစည်းအဝေးအပြီးတွင် သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးချုပ် လီခေ့ချန်က ယင်းဆုံးဖြတ်ချက်သည် တိုင်းပြည်တစ်ပြည် စနစ်၂မျိုး မူဝါဒ ရေရှည်တည်ငြိမ်စွာ ကျင့်သုံးရေးကို အာမခံပေးပြီး ဟောင်ကောင် ရေရှည် စည်ပင် သာယာရေးနှင့် တည်ငြိမ်ရေးကိုထိန်းသိမ်းကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြား သည်။