张晓宁

တရုတ်နိုင်ငံသည် ကူးစက်ရောဂါထိခိုက်မှုကို ကျော်လွှားပြီး ဆင်းရဲမှုပပျောက်ရေးပန်းတိုင်ကို သတ်မှတ်သည့်အချိန်အတိုင်း အကောင်အထည်ဖေါ်နိုင်မည်ဟုယုံကြည်ကြောင်း ပြည်တွင်းပြည်ပပညာရှင်များဆို

(GMT+08:00)2020-05-27 15:35:46  

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေးနှင့် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် အစည်းအဝေးများ ကျင်းပခြင်းသည် ပြည်သူတစ်ရပ်လုံး၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်သည့်အပြင် တစ်ကမ္ဘာလုံးက အာရုံစူးစိုက်မှုလည်း ဖြစ်နေပါသည်။

      တရုတ်ယနေ့ခေတ်နိုင်ငံတကာဆက်ဆံရေး သုတေသနတံခွန်အသင်း လက်တင်အမေရိကရေးရာ သုတေသနဌာနက ဒေါက်တာ ချောင်ထင်က COVID-19 ကပ်ရောဂါ တစ်ကမ္ဘာလုံး၌ ပျံ့နှံ့နေသည့် အခြေအနေတွင် တရုတ်နိုင်ငံသည် လက်ရှိစံချိန်စံနှုန်းအောက်တွင် ဆင်းရဲမှုပပျောက်ရေးကို စွဲကိုင်ခြင်းသည် အသင့်အတင့်ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်း နေထိုင်မှုဘဝ ဘက်စုံတည်ထောင်ရေး အကောင်အထည်ဖေါ်ရန် အရေးကြီးသော ခြေလှမ်း တစ်လှမ်း ဖြစ်ကြောင်း ပြောကြားပါသည်။

တရုတ်-မက္ကဆီကို ကုန်သွယ်ရေးအသင်း ဒုဥက္ကဋ္ဌ Víctor Cadenaသည် ဝန်ကြီးချုပ် လီခေ့ချန် တင်ပြသော အစိုးရလုပ်ငန်းအစီရင်ခံစာကို ကြားနာပြီးနောက် တံခါးဖွင့်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကျင့်သုံးသည့် နှစ် ၄၀ ကျော်အတွင်း တရုတ်နိုင်ငံသည် ဆင်းရဲသူဦးရေ သန်း ၈၅၀ ကို လျှော့ချပြီး အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း၊ တရုတ်အစိုးရသည် ကူးစက်ရောဂါထိခိုက်မှုကို ကျော်လွှားပြီး ကျန်ရှိသော ဆင်းရဲသူဦးရေ ၅ သန်းကျော် သတ်မှတ်သည့်အချိန်အတိုင်း ဆင်းရဲမှုပပျောက်ရန် အာမခံပေးနိုင်မည်ဟု မိမိယုံကြည်ကြောင်း ပြောကြားပါသည်။

图片默认标题_fororder_坚信

图片默认标题_fororder_坚信.JPG