တရုတ်နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဟောင်ကောင် အထူး အုပ်ချုပ်ရေးဒေသ၏ နိုင်ငံတော် လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး ဥပဒေစနစ်နှင့် ကျင့်သုံးရေး စနစ်များကို တည်ဆောက်ခြင်းနှင့် ပြီးပြည့်စုံစေခြင်းသည် အရေးတကြီး နှောင့်နှေး၍မရကြောင်း ဖြစ်ပြီး၊ မလွဲမသွေဖြစ်ပေါ်လာလိမ့်မည်သာလည်း ဖြစ်ကြောင်း၊ ယင်းသည် ဟောင်ကောင်၏ အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ဟောင်ကောင်သူ ဟောင်ကောင်းသားများ၏ အခွင့်အရေးနှင့် လွတ်လပ်မှုအပေါ် ဂယက်ရိုက်ခတ်မည် မဟုတ်သကဲ့သို့၊ ဟောင်ကောင်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ တရားမျှတမှန်ကန်သော အခွင့်အရေးအပေါ်လည်း ဂယက်ရိုက်ခတ်မည်မဟုတ်ကြောင်း ယခုလ ၂၄ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုနေ့က ကျင်းပသည့် ၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် တတိယအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် ဝမ်ယိက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု China Media Group မှ သတင်းအရသိရသည်။