马宁
Friday, 6  Jun 2025

တရုတ်ပြည်သည် ကမ္ဘာတစ်ဝန်း ဘုံအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်သူ တစ်လျှောက်လုံးဖြစ်

(GMT+08:00)2020-05-25 13:40:03  

  ယခုလ ၂၄ရက်နေ့က ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ကမ္ဘာတစ်ဝန်း အများပြည်သူ့ ကျန်းမာရေး အကျပ်အတည်းတွင် တရုတ်ပြည်၏ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် လိုအင်ဆန္ဒ၊ တရုတ်ပြည်၏ နိုင်ငံတော် အချုပ်အခြာ အာဏာ ခိုင်မာပြတ်သားစွာ ထိန်းသိမ်းကာကွယ်ရန် စိတ်ပိုင်းဖြတ်မှုနှင့် ကမ္ဘာတစ်ဝန်း၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အပေါ် စဉ်းစားချက်များကို ဖော်ပြကြောင်း၊ ယင်းဖော်ပြချက်များသည် တရုတ် နိုင်ငံတော် ထိပ်သီးခေါင်းဆောင် အဆိုပြုသော လူသားကံကြမ္မာ အသိုက်အဝန်း ကြံဆချက်ကို အပြည့်အဝ ပြသနေကြောင်း China Media Groupက ဖော်ပြသည်။

图片默认标题_fororder_锐评a

  အမေရိကန် နိုင်ငံရေး အင်အား အချို့ COVID-19ကို နိုင်ငံရေး ကိစ္စအဖြစ် သဘောထား၍ တရုတ်-အမေရိကန် ဆက်ဆံမှု ကျဆင်းခဲ့ကြောင်း၊ ယင်းနှင့် ပတ်သက်၍ ဝမ်ယိက တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံသည် နိုင်ငံရေးစနစ်နှင့် ယဉ်ကျေးမှု နောက်ခံအကြောင်း မတူခြားနားသည့် နိုင်ငံများအကြား အတူယှဉ်တွဲနေထိုင်ပြီး အပြန် အလှန် အကျိုးရှိစေနိုင်သည့် ပေါင်းသင်းဆက်ဆံရေး နည်းလမ်းကို ရှာကြံသင့်ကြောင်း ပြောကြားသည်။

图片默认标题_fororder_锐评b

  ထို့အပြင် ဝမ်ယိသည် ကမ္ဘာတစ်ဝန်း စီမံခန့်ခွဲရေး စနစ် ကောင်းမွန်ပြည့်စုံစေရေးနှင့် ပတ်သက်၍ တရုတ်နည်းလမ်းကို တင်ပြပြီး လူသား တစ်ရပ်လုံး၏ ဖွံ့ဖြိုးတိုးတက်ရေး အပေါ် တာဝန်သိမှု သဘောထားကို ပြသနေကြောင်း၊ တာဝန်ယူတတ်သော နိုင်ငံကြီး တစ်နိုင်ငံ အနေနှင့် တရုတ်ပြည်သည် ကမ္ဘာတစ်ဝန်း COVID-19ခုခံကာကွယ်ရေး အတွက် ကိုယ့်စွမ်းရည်အလျောက် ဆက်လက် အကျိုးပြုစွမ်းဆောင်ပြီး သမိုင်းဖွံ့ဖြိုးရေး ရေစီး ကြောင်းနှင့် လိုက်လျောညီထွေစေကာ နိုင်ငံအသီးသီး၏ ဘုံအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်သူ တစ်လျှောက်လုံးဖြစ်မည် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။