马宁

ဟူပေပြည်နယ်ကို ဆက်လက် အားဖြည့် ထောက်ပံ့ကူညီပေးမည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2020-05-25 11:30:08  

图片默认标题_fororder_春风2

  တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေးကို ပီကင်းမြို့၌ ကျင်းပနေပါသည်။ ၂၄ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ဟူပေကိုယ်စားလှယ်အဖွဲ့၏ စိစစ်ပွဲသို့ တက်ရောက်ခဲ့ရာ၊ ဗဟိုအစိုးရနှင့် နိုင်ငံတော်ပိုင်လုပ်ငန်းကုမ္ပဏီများသည် COVID-19ရောဂါပြီး ခေတ်ကာလ တွင် ဟူပေပြည်နယ် ပြန်လည်ရှင်သန်စေရန်အတွက် ဆက်လက် အားဖြည့် ထောက်ပံ့ ကူညီပေးမည်ဖြစ်ကြောင်း အလေးထားပြောကြားပါသည်။

  ရှီကျင့်ဖိန်သည် ဟူပေပြည်နယ်ရှိ ပြည်သူများအား နောက်ထပ် နှုတ်ခွန်းဆက်သ ပါသည်။ ဟူပေပြည်နယ် အနေနှင့် နိုင်ငံတော်နှင့် ဒေသန္တရ ဖွံ့ဖြိုးရေးတွင် အရေးကြီးသည့် အဆင့်နေရာ၌ တည်ရှိနေသည်မှာ ပြောင်းလဲခြင်း မရှိကြောင်း၊ လုပ်ငန်းကုမ္ပဏီများ အထူးသဖြင့် အလတ်စားနှင့် အသေးစားလုပ်ငန်းကုမ္ပဏီများ ရင်ဆိုင်နေရသော အခက်အခဲများကို ကျော်လွှားရန် ကူညီပေးပြီး စားသုံးမှု မြှင့်တင်ရေး ဆောင်ရွက်ချက်များ ကို လျင်မြန်စွာ ထုတ်ပြန်ကျင့်သုံးကာ COVID-19ရောဂါကြောင့် ဖြစ်စေသော နစ်နာဆုံးရှုံးမှု များကို နည်းလမ်းမျိုးစုံဖြင့် အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကျန်ရစ်သော ဆင်းရဲသူများ၏ ဆင်းရဲမှု ပပျောက်စေရေး လုပ်ငန်းကို ပြတ်သားစွာ ဆောင်ရွက်ပြီးစီးရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားပါသည်။