马宁

တရုတ်တပ်မတော်မှ ဆေးပညာရှင်များအဖွဲ့သည် တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာ

(GMT+08:00)2020-05-13 10:40:03  

图片默认标题_fororder_1

  တရုတ်-မြန်မာ နှစ်နိုင်ငံတပ်မတော်ဘက်၏ သက်ဆိုင်ရာ အစီအစဉ်အရ ဧပြီလ ၂၄ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသော တရုတ် တပ်မတော်မှ ဆေးဘက်ပညာရှင်များအဖွဲ့သည် မေလ ၁၂ရက်နေ့ညက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားသည်။ တရုတ် တပ်မတော်မှ ဆေးဘက်ပညာရှင်များအဖွဲ့သည် လေဆိပ်သို့ မသွားခင် တပ်မတော် ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် ဗီဒီယို အစည်းအဝေးဖြင့် နှုတ်ဆက်ခဲ့ရာ  ဗိုလ်ချုပ်စိုးဝင်းက ယခုအကြိမ် တပ်မတော် ဆေးဘက်ပညာရှင်များအဖွဲ့ နှစ်ပတ်ကြာ လာရောက် ကူညီဆောင်ရွက်ပေးသည့်အတွက် နိုင်ငံသူနိုင်ငံသားများ၊ အစိုးရနှင့် တပ်မတော်ဘက် အားလုံးတို့သည် အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ တရုတ်ဆေးဘက်ပညာရှင်များသည် ၄င်းတို့၏ COVID-19ရောဂါ ထိန်းချုပ်ကုသရေးဆိုင်ရာ လက်တွေ့ကျသော အတွေ့အကြုံကောင်းများကို မိမိတို့တပ်မတော် ဆေးဘက်ပညာရှင်များနှင့် မျှဝေဖလှယ်ခဲ့သည့်အတွက်ရှေ့ဆက်သွားရမည့် COVID-19 ကာကွယ်ကုသရေးကိစ္စရပ်များတွင် များစွာအကျိုးရှိမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

图片默认标题_fororder_2

图片默认标题_fororder_3

  ထို့နောက် တရုတ်တပ်မတော်မှ ဆေးဘက်ပညာရှင်များသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ခဲ့ပြီးနောက် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ရာ ဗိုလ်ချုပ်သက်ပုံက တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပြည်သူလူထုအချင်းအချင်းရော၊ နှစ်နိုင်ငံအစိုးရအချင်းချင်းရော၊ နှစ်နိုင်ငံတပ်မတော်အချင်းချင်းပါ၊ ယခင် ကာလကတည်းက အင်မတန် ချစ်ခင်ရင်းနှီးသော ဆက်ဆံမှုရှိခဲ့ကြောင်း၊ တရုတ် ဝူဟန်မြို့တွင် COVID-19 ရောဂါ စဖြစ်သော ကာလတွင်လည်း ကျွန်တော်တို့ တပ်မတော်ဘက်အနေနှင့် စောစောလေးပိုင်းတွင်ပင် ဆေးပစ္စည်းတွေကို တတ်နိုင်သမျှ လှူဒါန်းခဲ့သကဲ့သို့ ကျွန်တော်တို့မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဖြစ်ပွာားလာသောအခါတွင်လည်း တရုတ်ပြည်မှ အရပ်ဘက် ဆေးပညာရှင်များသည် ပထမဦးဆုံး လာရောက်ပြီးတော့ ကျွန်တော်တို့နိုင်ငံတွင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားသည်။

图片默认标题_fororder_4

图片默认标题_fororder_5

图片默认标题_fororder_6