မကြာခင်က တရုတ်နှင့် ထိုင်းနှစ်နိုင်ငံတို့မှ ဆေးကုပညာရှင်များသည် COVID-19ရောဂါ ကုသမှုနှင့်ပတ်သက်၍ ပထမဆုံး အကြိမ် အဖြစ် ဗီဒီယိုဖြင့် ကူးလူးဖလှယ်ပွဲ ကျင်းပခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်
ထိုင်းဆေးကုပညာရှင်များက COVID-19ရောဂါကုသမှုတွင် တရုတ်ဆရာဝန်များ၏ အဖိုးတန်သော အတွေ့အကြုံများသည် ထိုင်းအတွက် အရေးကြီးသည့် လမ်းညွှန်မှု အနက်အဓိပ္ပါယ်ရှိသည်ဟု ဖော်ပြကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ပိုးသည် လူက ပြုပြင်ဖန်တီးသော ဗိုင်းရပ်စ်မျိုးမဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်မှ လာခြင်းဖြစ်ကြောင်း ထိုင်း ဆေးကုပညာရှင်များက ယူဆကြကြောင်း သိရသည်။