张晓宁

Covid-19 ဗိုင်းရပ်စ်ကို ဓာတ်ခွဲစမ်းသပ်ခန်းမှ ထုတ်လုပ်ခြင်းသည် အထောက်အထားမရှိဟု စင်ကာပူ ကူးစက်ရောဂါရေးရာ ပညာရှင် ဆို

(GMT+08:00)2020-04-26 14:52:22  

”Covid-19 ဗိုင်းရပ်စ်ကို ဝူဟန့် ဗိုင်းရပ်စ်ဓာတ်ခွဲစမ်းသပ်ခန်းမှ ထုတ်လုပ်ခြင်း” ဟူ၍ မကြာခင်က အမေရိကန်မှ အပြောအဆိုနှင့် ပတ်သက်၍၊ စင်ကာပူနိုင်ငံမှ ကူးစက်ရောဂါ ရေးရာ ပညာရှင် လျန်ဟောက်နန်က ချေပပြောဆိုခဲ့သည်။

ထိုသို့ ချေပပြောဆိုခဲ့ရာ၌ လျန်ဟောက်နန်က Covid-19 ဗိုင်းရပ်စ်ကို သုတေသနပြု ချင်လျှင်၊ လင်းနို့များကို သုတေသနပြုသင့်ကြောင်းပြောဆိုခဲ့ရုံသာမက၊ လက်ရှိအချိနသည်  သွေးစည်းညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်သော အချိန်ကာလဖြစ်ပြီး၊ ကျွန်တော် တို့ အနေနှင့် ဘာသာစကားတစ်မျိုးကိုသာ အသုံးပြုသင့်ကြောင်း၊ ယင်းသည် အဖြစ်မှန်နှင့် သိပ္ပံနည်းပညာဆိုင်ရာ ဘာသာစကားပင်ဖြစ်ကြောင်း ဖော်ပြသည်ဟု သတင်းအရသိရ သည်။