宋冉

နည်းလမ်းမျိုးစုံဖြင့် ပြည်ပရောက် တရုတ်နိုင်ငံသားများအား အချိန်မီ ကူညီပေးမည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2020-04-23 16:48:05  

ယမန်နေ့ ၂၂ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က တစ်ကမ္ဘာလုံး၌ COVID-19 ပြန့်ပွားနေသည့် လက်ရှိ အချိန်တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် နိုင်ငံခြားရှိ တရုတ် သံရုံး၊ ကောင်စစ်ဝန်ရုံးများသည် နည်းလမ်းမျိုးစုံဖြင့် ပြည်ပရောက် တရုတ်နိုင်ငံသားများအား အချိန်မီ ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

ကင်စွမ်က တရုတ်ကွန်မြူနစ်ပါတီနှင့် အစိုးရသည် တရုတ်နိုင်ငံသားအားလုံး၏ ကျန်းမာရေး လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေးကို ပထမ နေရာ၌ အမြဲထားရှိနေကြောင်း ပြောကြားပါသည်။