邹立莹

မြန်မာနိုင်ငံ၌ COVID-19 ဗိုင်းရပ်စ် နမူနာများကို ပို့ဆောင်နေသော WHO ဝန်ထမ်း ပစ်ခတ်ခံရခြင်းအပေါ် ဂူတာရက်စ်က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ

(GMT+08:00)2020-04-22 15:33:10  

ဒေသစံတော်ချိန် ဧပြီလ ၂၁ ရက်နေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် ကြေညာချက် ထုတ်ပြန်ပြီး၊ ၂၀ ရက်နေ့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၌ WHO ၏ COVID-19 ဗိုင်းရပ်စ် နမူနာများကို ပို့ဆောင်နေသော မော်တော်ကား တစ်စီး တိုက်ခိုက်မှု ခံခဲ့ရခြင်းကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။ ယင်းတိုက်ခိုက်မှုတွင် WHO ဝန်ထမ်းတစ်ဦး သေဆုံးပြီး အစိုးရအရာရှိ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ဂူတာရက်စ်က ယင်းတိုက်ခိုက်မှုကို ဘက်စုံ ပွင့်လင်းစွာ စုံစမ်းစစ်ဆေးရန်၊ ပြစ်မှုကျူးလွန်သူအား အရေးယူရန် ပန်ကြားခဲ့သည်ဟု စီစီတီဗီမှ သတင်းအရ သိရပါသည်။

ကုလသမဂ္ဂ နိုင်ငံ ရေးရာရုံးမှ ၂၁ ရက်နေ့က ထုတ်ပြန်သော ကြေညာချက် တစ်ရပ်တွင်၊ WHO ဝန်ထမ်းတစ်ဦးသည် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်၌ COVID-19 ဗိုင်းရပ်စ် နမူနာများ တင်ဆောင်ထားသည့် မော်တော်ကား တစ်စီးကို မောင်းနှင်နေစဉ် ပစ်ခတ်မှု ခံခဲ့ရသည်ဟု အတည်ပြု ဖေါ်ပြထားသည်။ ယင်းကြေညာချက်အရ၊ WHO ၏ ကားမောင်းသူသည် ကုလသမဂ္ဂ အမှတ်အသားပါ မော်တော်ကား တစ်စီးဖြင့် စစ်တွေ မှ ရန်ကုန်သို့ ခရီးသွားနေရပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ အထောက်အကူဖြင့် COVID-19 ဗိုင်းရပ်စ် နမူနာများကို ပို့ဆောင်နေခဲ့ခြင်း ဖြစ်သည်။ ယခု သက်ဆို်င်ရာ တို့သည် ၄င်း၏သေဆုံးမှုဆိုင်ရာ ပိုမိုများပြားသော အချက်အလက်များကို စုံစမ်းနေသည်ဟု သတင်းရရှိပါသည်။