ယခုလ ၁၃ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဌ ရှီကျင့်ဖိန်နှင့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုသည် ဂုဏ်ပြုကြောင်း သဝဏ်လွှာ အပြန်အလှန် ပေးပို့ရာ တရုတ်-အင်ဒိုနီးရှား သံတမန် ဆက်ဆံရေး ထားရှိသော နှစ်၇၀ပြည့်မြောက်ခြင်းကို ထောပနာပြုကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။
ဂုဏ်ပြုကြောင်း သဝဏ်လွှာတွင် ရှီကျင့်ဖိန်က ယခုနှစ်များတွင် နှစ်နိုင်ငံဆက်ဆံရေး အဆင့် ဆက်တိုက်တိုးမြှင့်ပြီး ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် ဆက်တိုက် ကျယ်ပြန့်လာ ကြောင်း၊ “Belt and Road”အတူတည်ဆောက်ရေး အောင်မြင်မှုများစွာရရှိခဲ့ပြီး နိုင်ငံတကာ နှင့်ဒေသတွင်း ကိစ္စရပ်များတွင် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသဖြင့် နှစ်နိုင်ငံ ပြည်သူများ အတွက် ကောင်းကျိုးများကို ဆောင်ကြဉ်းလာကာ ဒေသတွင်းနှင့် တစ်ကမ္ဘာလုံး၏ တည်ငြိမ်အေးချမ်းရေး အတွက် အရေးကြီးသည့် အကျိုးပြုမှုကို စွမ်းဆောင်ခဲ့ကြကြောင်း ဖော်ပြသည်။
ဇိုကိုက နှစ်နိုင်ငံသည် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်း များကို ဆက်တိုက် ဖန်တီးပေးပြီး နှစ်နိုင်ငံပြည်သူများ ချမ်းမြေ့သာယာအောင် အကျိုးဆောင်ပေးသဖြင့် ဂုဏ်ယူဖွယ်ကောင်းကြောင်း၊ ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး မူဘောင်အတွင်း နှစ်နိုင်ငံတို့သည် ပူးပေါင်းဆောင်ရွက်ရေး စိတ်ဓါတ်ကို စွဲကိုင်ခြင်းဖြင့် နှစ်နိုင်ငံ ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်ဝပြောရေးကို တွန်းအား ပေးပြီး ဒေသတွင်းနှင့် တစ်ကမ္ဘာလုံး၏ တည်ငြိမ်အေးချမ်းရေးနှင့် စည်ပင်သာယာရေး အတွက် အကျိုးဆောင်လိမ့်မည်ဖြစ်ကြောင်း ဖော်ပြသည်။