马宁

တရုတ်နိုင်ငံ ဆေးပညာရှင်များအဖွဲ့ မန္တလေးမြို့သို့ ရောက်ရှိပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး အတွေ့အကြုံများ မျှဝေ

(GMT+08:00)2020-04-14 17:16:11  

  မြန်မာနိုင်ငံ COVID-19 ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် ကူညီ ဆောင်ရွက်ရန်အတွက် ရန်ကုန်မြို့သို့ ရောက်ရှိနေသော တရုတ်နိုင်ငံ ဆေးပညာရှင်များအဖွဲ့သည် ဧပြီလ ၁၃ ရက်နေ့တွင် မန္တလေးမြို့သို့ ရောက်ရှိ ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သတင်းအရ သိရပါသည်။

图片默认标题_fororder_微信图片_20200414165308

  တရုတ်နိုင်ငံ ဆေးပညာရှင်များအဖွဲ့သည် သက်ဆိုင်ရာ ကျန်းမာရေးဌာနများနှင့်အတူ မန္တလေးမြို့ရှိ ဆေးရုံ၊ ဆေးတက္ကသိုလ်နှင့် ဆေးကုသရေးဌာနများသို့ သွားရောက် ကွင်းဆင်းလေ့လာကြည့်ရှုပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အကြံပြုချက်များ မျှဝေပေးခဲ့ကြောင်း သိရသည်။

图片默认标题_fororder_微信图片_202004141653081

  မြန်မာနိုင်ငံတွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှု တိုက်ဖျက်ရေးကို အကူအညီပေးရန်အတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ဆေးပညာရှင်များအဖွဲ့သည် nucleic acid testing ဓါတ်ခွဲခန်း စက်ပစ္စည်းများ၊ ဓါတ်ခွဲခန်းသုံးပစ္စည်းများ၊ maskနှင့် ရောဂါကာကွယ်ရေးဝတ်စုံ(PPE)တို့ အပါအဝင် ရောဂါကာကွယ်ရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို တစ်ပါတည်း သယ်ဆောင်လာကာ ဧပြီလ ၈ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ ဝေဘာဂီ ကူးစက်ရောဂါ အထူးကုဆေးရုံကြီး၊ Grand Hantha International Hospital နှင့် မင်္ဂလာဒုံ ကျန်းမာရေးဌာန စသည်တို့ကို သွားရောက် ကွင်းဆင်းလေ့လာ၍ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့်အတူ ရောဂါကာကွယ် ထိန်းချုပ်ရေး အတွေ့အကြုံများ မျှဝေခဲ့ကြောင်း သတင်းအရ သိရပါသည်။

图片默认标题_fororder_微信图片_202004141653082

图片默认标题_fororder_微信图片_202004141653083

图片默认标题_fororder_微信图片_202004141653084

图片默认标题_fororder_微信图片_202004141653085

图片默认标题_fororder_微信图片_202004141653086

图片默认标题_fororder_微信图片_202004141653087

图片默认标题_fororder_微信图片_202004141653088

图片默认标题_fororder_微信图片_202004141653089