马宁

တရုတ် ဆေးကုပညာရှင်များအဖွဲ့ မြန်မာနိုင်ငံ၏ COVID-19ခုခံကာကွယ်ရေး အတွက် ကူညီပံ့ပိုး

(GMT+08:00)2020-04-14 13:47:18  

  တရုတ် အစိုးရမှ စေလွှတ်သော COVID-19ခုခံကာကွယ်ရေး ဆေးကုပညာရှင်များ အဖွဲ့သည် ယခုလ ၈ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြောင်း၊ ၄င်းတို့သည် တရုတ်ပြည်မှ လှူဒါန်းသည့် ရောဂါခုခံကာကွယ်ရေး ပစ္စည်းများကိုပါ ယူဆောင် သွားကြောင်း၊ COVID-19ဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးသည့် ကိရိယာ၊ စမ်းသပ်စစ်ဆေးသည့် ဆေးနှင့် အခြား ရောဂါခုခံကာကွယ်ရေး ပစ္စည်းများကို မြန်မာဘက်သို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်၍ အသုံးပြုနေကြောင်း၊ ၉ရက်နေ့က မြန်မာ အမျိုးသား ကျန်းမာရေး စမ်းသပ်ခန်း၏ COVID-19ဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှု ပမာဏသည် တစ်ဆတိုးလာခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရသည်။

  မကြာခင်ရက်များက တရုတ် ပညာရှင်များသည် မြန်မာ အမျိုးသား ကျန်းမာရေး စမ်းသပ်ခန်းနှင့် ဆေးကုသရေး လုပ်ငန်းဌာနများသို့ သွားရောက် ကွင်းဆင်းလေ့လာပြီး မြန်မာဘက်နှင့် COVID-19ခုခံကာကွယ်ရေး အတွေ့အကြုံများကို မျှဝေကြကြောင်း သိရသည်။

图片默认标题_fororder_缅甸1

  တရုတ် ပညာရှင်များအဖွဲ့မှ အဖွဲ့ဝင် ဟန်ကွမ်ယင်က ကွင်းဆင်းလေ့လာမှုတွင် COVID-19 အပေါ် မြန်မာ အစိုးရနှင့် ဆေးကုသမှု ဝန်ထမ်းများ၏ လွန်စွာ အလေးထားမှုကို ခံစားမိကြောင်း ပြောကြားသည်။

တရုတ် ဆေးကုပညာရှင်များအဖွဲ့ မြန်မာနိုင်ငံ၏ COVID-19ခုခံကာကွယ်ရေး အတွက် ကူညီပံ့ပိုး

  မြန်မာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ အရာရှိ တစ်ဦးက တရုတ်ပြည်မှ ဆေးကုသရေး ပညာရှင်များအဖွဲ့ကို မြန်မာသို့ စေလွှတ်ပြီး မြန်မာနှင့် COVID-19 ခုခံကာကွယ်ရေး အတွေ့အကြုံများကို မျှဝေကာ ရောဂါ ခုခံကာကွယ်ရေး ပစ္စည်းများကို လှူဒါန်းခြင်းသည် မြန်မာနိုင်ငံအတွက် အထောက်အကူများစွာ ရှိကြောင်း ပြောကြားသည်။

တရုတ် ဆေးကုပညာရှင်များအဖွဲ့ မြန်မာနိုင်ငံ၏ COVID-19ခုခံကာကွယ်ရေး အတွက် ကူညီပံ့ပိုး