马宁

အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား COVID-19ရောဂါတိုက်ဖျက်ရေး ဆိုင်ရာ ခေါင်းဆောင်များ အထူး အစည်းအဝေးသို့ လီခေ့ချန် တက်ရောက်မည်

(GMT+08:00)2020-04-14 13:41:16  

  ယခုလ ၁၃ရက်နေ့က ပီကင်းတွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ၁၄ရက်နေ့တွင် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား(10+3)COVID-19ရောဂါတိုက်ဖျက်ရေး ဆိုင်ရာ ခေါင်းဆောင်များ အထူးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း၊ ယင်းအစည်းအဝေးကို ဗီဒီယို အစည်းအဝေးဖြစ်ပြီး အာဆီယံအလှည့်ကျ သဘာပတိ ဗီယက်နမ်နိုင်ငံ ကြီးမှူး ကျင်းပမည် ဖြစ်ကြောင်း သတင်းအရ သိရပါသည်။