邹立莹

တရုတ်လုပ်ငန်းကုမ္ပဏီများ မြန်မာနိုင်ငံအား ဆေးပစ္စည်းများ လှူဒါန်းပေး

(GMT+08:00)2020-04-09 15:29:44  

မြန်မာနိုင်ငံ၏ COVID-19 ရောဂါထိန်းချုပ်ရေးနှင့် ကုသရေးကို အထောက်အကူပြုသည့်အနေနှင့် ယခုလ ၈ ရက်နေ့တွင် တရုတ် လုပ်ငန်းကုမ္ပဏီ ၄ ခုတို့သည် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရတို့အား surgical mask စုစုပေါင်း ၁၈၄၀၀၀၊ N95 mask  ၅၀၀၊ Testing Kits ၄၀၀၀ နှင့် PPE ၅၀၀ တို့ကို လှူဒါန်းပေးခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက တရုတ်ပြည်မှ လုပ်ငန်းကုမ္ပဏီများ လှူဒါန်းသောပစ္စည်းများနှင့် ကူညီအားပေးမှုကို အမြဲကျေးဇူးတင်ရှိကြောင်း ပြောကြားပါသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai က မြန်မာနိုင်ငံအနေနှင့် COVID-19 ရောဂါကို အမြန်ဆုံး အောင်မြင်စွာထိန်းချုပ်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။