辛甜

တရုတ်-လာအို နိုင်ငံတကာရထားလမ်း တရုတ်ပြည်တွင်း ယွိရှီး-မိုဟန် အပိုင်း၏ သံလမ်းခင်းလုပ်ငန်း ဘက်စုံစတင်

(GMT+08:00)2020-04-08 14:28:42  

图片默认标题_fororder_1

图片默认标题_fororder_2

图片默认标题_fororder_3

图片默认标题_fororder_4

ယခုလ ၇ ရက်နေ့ နံနက်ပိုင်းက Belt and Roadအရေးကြီးလုပ်ငန်းစဉ်များတွင် တစ်ခု အပါအဝင် ဖြစ်သည့် တရုတ်၊ လာအို နိုင်ငံတကာရထားလမ်း တရုတ်ပြည်တွင်း ယွိရှီး-မိုဟန် အပိုင်း၏ သံလမ်းခင်းလုပ်ငန်းကို ဘက်စုံစတင်လိုက်ကြောင်း၊ ယင်းရထားလမ်း အပိုင်းသည် လာမည့်နှစ် ဧပြီလတွင် လာအိုပြည်တွင်း အပိုင်းနှင့် ဆက်စပ်မည်ဟု ခန့်မှန်းရကြောင်း၊ ယင်းသည် ၂၀၂၁ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်-လာအို ရထားလိုင်း ဘက်စုံ ခုတ်မောင်းပြေးဆွဲရေးအတွက် အခြေခံ အုတ်မြစ်ချပေးမည်ဖြစ် ကြောင်း China Media Groupက ဖော်ပြပါသည်။

တရုတ်၊ လာအိုအကြားရှိ ကူမင်း-ဗီယင်ကျန်းရထားလမ်းသည် Belt and Road အဆိုပြုချက် တင်ပြခဲ့သည့်နောက်ပိုင်းတွင် တရုတ်ပြည်က အဓိကရင်းနှီးမြှုပ်နှံ ဆောက်လုပ်သည့်၊ တရုတ်နည်းပညာစံနှုန်းကို အသုံးပြုထားသည့် ပထမဆုံး နိုင်ငံတကာ ရထားလမ်း ဖြစ်သည်ဟု သတင်းအရ သိရသည်။