辛甜

တရုတ်ယူနန်ပြည်နယ်မှဆေးပညာရှင်များအဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိ

(GMT+08:00)2020-04-08 14:57:24  

图片默认标题_fororder_1

图片默认标题_fororder_2

图片默认标题_fororder_3

图片默认标题_fororder_4

图片默认标题_fororder_5

မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကို အထောက်အကူပြုရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှအဖွဲ့ဝင် ၁၂ ဦးပါဝင်သောဆေးပညာရှင်များ အဖွဲ့ သည် ယခုလ ၈ ရက်နေ့မနက်ပိုင်းက ရန်ကုန်မြို့သို့ရောက်ရှိ ခဲ့ကြောင်း၊ မြန်မာနိုင်ငံ ဆိုင်ရာတရုတ်သံအမတ်ကြီး Mr.ChenHai ၊မြန်မာနိုင်ငံ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးတို့သည်အဆိုပါဆေးပညာရှင်များ အဖွဲ့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ကိုယ်တိုင်သွား ရောက်ကြိုဆိုခဲ့ကြကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

ယခုအကြိမ်တရုတ်ဆေးပညာရှင်များအဖွဲ့သည် တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်မှ ဖွဲ့စည်းခဲ့ပြီး ယူနန်ပြည်နယ်မှ ရွေးချယ်စေလွှတ်ခြင်းဖြစ်ပါသည်။ ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံနှင့်နက်ရှိုင်းသော ချစ်ကြည်ရင်းနီးမှုကို ဖော်ဆောင်၍ တန်ဖိုးတရုတ်ယွမ်ငွေ ၄ သန်းကျော်ရှိ ရောဂါစစ်ဆေးစမ်းသပ်ရေး ပစ္စည်းကိရိယာများ၊ ဆေးဘက်သုံး N95 နှာခေါင်းစည်း ၈၅၀၀ ခု၊ ဆေးဘက်သုံး တစ်ခါသုံး နှာခေါင်းစည်း ၆၀၀၀၀ ခု၊ PPE ကာကွယ်ရေးဝတ်စုံ ၅၅၀၀ နှင့် တရုတ်တိုင်းရင်ဆေးပါရှိသော ဆေးဝါးများကိုပါလာကြောင်း၊တရုတ်ဆေးပညာရှင်များသည် မြန်မာနိုင်ငံတွင် ၁၄ ရက်ကြာနေမည် ဖြစ်ပြီးမြန်မာနိုင်ငံ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်စမ်းသပ်ကုသရေး လုပ်ငန်းများတွင် မြန်မာနိုင်ငံရှိ ဆေးပညာရှင်များနှင့်အတူ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပြီး တရုတ်နိုင်ငံတွင် COVID-19 တိုက်ဖျက်ရေးဆိုင်ရာ အတွေ့အကြုံကောင်းများကိုလည်းမျှဝေပေး မည်ဖြစ်ကြောင်း သိရပါသည်။