李悦

ရှီကျင့်ဖိန်၏ ကျဲ့ကျန်းပြည်နယ် ခရီးစဉ်တွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ကြည့်ရှုစစ်ဆေးခြင်းသည် တရုတ်ပြည်က မြစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက် စွဲကိုင်မည်ကို ပြဆိုခြင်းဖြစ်

(GMT+08:00)2020-04-03 14:07:40  

ယခုနှစ်တွင် တရုတ်ပြည်သည် အတော်အသင့် ချမ်းသာသည့် လူ့ဘောင်အဖွဲ့ အစည်းတည်ဆောက်ရေးကို ဘက်စုံ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမည် ဖြစ်ကြောင်း၊ “ဘက်စုံ”ဆိုသည်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လျာထားချက်များကို ထမြောက်ရန် လိုအပ်သည့် အပြင်၊ မရှိမဖြစ်ပင် ဖြစ်သည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး လျာထားချက်ကို  ထမြောက်ရန်လည်း လိုအပ်သည့် သဘော ဆောင်ကြောင်း China Media Groupက ဖော်ပြသည်။ 

ရှီကျင့်ဖိန်သည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဆိုင်ရာ စစ်ဆေး ကြည့်ရှုခြင်းကို ယခုအကြိမ် ကျဲ့ကျန်းပြည်နယ် ခရီးစဉ်တွင် ထည့်သွင်းပြီး သက်ဆိုင်ရာ အရေးကြီး ညွှန်ကြားချက်များကို ဖော်ပြခဲ့ကြောင်း၊ ဥပမာပြောရလျှင် “စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် သဘာဝ ပတ်ဝန်းကျင်ကို ဆုံးရှုံးနစ်နာစေ၍ မရ”၊ ”သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးသည် ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေခြင်း ဖြစ်ရာ ကျရောက်ကြောင်း” စသည်များ ပါဝင်ကြောင်း၊ ယင်းသည် တရုတ်ပြည် အနေနှင့် မြစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက် စွဲကိုင်မည်ကို ပြဆိုနေသည့် အပြင်၊ တရုတ်ပြည် တည်ဆောက်ပြီးစီးမည့် အတော်အသင့် ချမ်းသာသည့် လူ့ဘောင် အဖွဲ့အစည်းဟာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် သဘာဝ ပတ်ဝန်းကျင် နယ်ပယ်များမှ လျားထားချက်များကို ဘက်စုံထမြောက်မည့် အတော်အသင့် ချမ်းသာသည့် လူ့ဘောင်အဖွဲ့အစည်း ဖြစ်မည်ကိုလည်း ဖော်ပြနေကြောင်း China Media Groupက ဖော်ပြသည်။ 

COVID-19 ဗိုင်းရပ်စ်ကို ရင်ဆိုင်နေရသည့် လူသား တစ်ရပ်လုံးသည် မြစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး ခံယူချက်ကို စွဲကိုင်ပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှုကို အားဖြည့်ဆောင်ရွက်ကာ လူသားနှင့် သဘာဝ သင့်မြတ်သာယာစွာ အတူယှဉ်တွဲ နေထိုင်ရေး အကောင်အထည် ဖော်ဆောင်ရန် လိုအပ်သည်ကို ပိုမိုနက်ရှိုင်းစွာ သိမြင်လာကြောင်း China Media Groupက ဖော်ပြသည်။ 

၂၀၂၅ခုနှစ်ရောက်လျှင် တရုတ် မြစိမ်းရောင် စီးပွားရေး၏ ထုတ်လုပ်မှု တန်ဖိုးမှာ ယွမ်ငွေ ဘီလီယံ ၁၂၀၀၀ရှိပြီး ပြည်တွင်း ထုတ်လုပ်မှု စုစုပေါင်း တန်ဖိုး၏ ၈ရာခိုင်နှုန်းခန့် ရှိမည်ဖြစ်ကာ ၂၀၃၅ခုနှစ်တွင် ပြည်တွင်း ထုတ်လုပ်မှု စုစုပေါင်း တန်ဖိုး၏ ၁၀ရာခိုင်နှုန်းကျော်ရှိမည်ဟု သက်ဆိုင်ရာ လုပ်ငန်းဌာနက ခန့်မှန်းရကြောင်း၊ လာမည့်အဆင့်ကာလတွင် တရုတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် အဓိကအားဖြင့် မြစိမ်းရောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ် မှီခိုအားထားရမည်ဟု စီးပွားရေး ပညာရှင်များက ယူဆကြကြောင်း၊ စိမ်းလန်းစိုပြေရေးနှင့် ကြီးပွားချမ်းသာမှုကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်ခြင်းသည် တရုတ်ပြည်၏ ဦးလည်မသုန် စွဲကိုင်သည့် ဖွံ့ဖြိုးတိုးတက်ရေး ခံယူချက် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။