邹立莹

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် COVID-19 ကူးစက်ခံရသော ရောဂါသည် နှစ်ဦး တွေ့ရှိ

(GMT+08:00)2020-03-24 15:40:39  

图片默认标题_fororder_2

图片默认标题_fororder_3

    ဒေသစံတော်ချိန် ယခုလ ၂၃ ရက်နေ့ညက မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ၊ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် COVID-19 ကူးစက်ခံရသော ရောဂါသည် နှစ်ဦးကို တွေ့ရှိခဲ့ကြောင်း၊ ရောဂါသည် နှစ်ဦးသည် အသက် ၃၆ နှစ်အရွယ်နှင့် ၂၆ နှစ်အရွယ် အမျိုးသား ဖြစ်ကြောင်း၊ အသက် ၃၆ နှစ်အရွယ် အမျိုးသားက အမေရိကန် green card ကိုင်ဆောင်သည့် မြန်မာလူမျိုး ဖြစ်ပြီး မတ်လ ၁၃ ရက်နေ့က လေယာဉ်ဖြင့် အမေရိကန်မှ ရန်ကုန်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကာ ယခု ချင်းပြည်နယ်၌ သီးခြားထား ကုသမှု ခံယူနေကြောင်း၊ အသက် ၂၆ နှစ်အရွယ် အမျိုးသားက မတ်လ ၂၂ ရက်နေ့တွင် လေယာဉ်ဖြင့် ဗြိတိန်မှ ရန်ကုန်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး ယခု ရန်ကုန် ဝေဘာဂီ ဆေးရုံ၌ သီးခြားထား ကုသမှု ခံယူနေကြောင်း၊ ၄င်းတို့၏ ဗိုင်းရပ်စ် နမူနာကို မတ်လ ၂၄ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စမ်းသပ်ခန်းသို့ ပို့ပြီး ပြန်လည် တိုင်းတာ စစ်ဆေးမည် ဖြစ်ကြောင်း China Media Groupမှ သတင်း အရ သိရပါတယ်။