တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က လွန်ခဲ့သည့်နှစ်များအတွင်း အမေရိကန်သည် တရုတ်သတင်းထောက်များ အပေါ် ခွဲခြားဆက်ဆံမှုနှင့်ကန့်သတ်မှုများကို ကျင့်သုံးခဲ့သည့်အတွက် တရုတ်ဘက်အနေနှင့် အမေရိကန်သတင်းထောက်များ အပေါ် တုံ့ပြန်မှု ဆောင်ရွက်ချက်များ ပြုလုပ်မည်ဟု ယခုလ ၁၉ ရက်နေ့က ပေကျင်း၌ ပြောကြားပါသည်။
ထိုနေ့ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သက်ဆိုင်ရာမေးမြန်းချက်ကို ဖြေကြားရာတွင် ကင်စွမ်က အမေရိကန်သည် တရုတ်သတင်းထောက်အပေါ် ပြုလုပ်ထားသော ခွဲခြားဆက်ဆံမှုနှင့်ကန့်သတ်မှုများကို တရုတ်သတင်းစာဆရာများ အသင်းက ထုတ်ပြန်ပြီဖြစ်ပြီး တရုတ်သက်ဆိုင်ရာမီဒီယာများကလည်း ဖေါ်ပြထားခြင်း လည်းရှိကြောင်း၊ အားလုံးကို သိရှိနားလည်ဖို့ အကြံပြုကြောင်း ပြောကြားပါသည်။