朱蕾

သိပံ္ပနည်းပညာသည် COVID-19 ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် အားကောင်းစွာ အထောက်အကူ ပေးနေ

(GMT+08:00)2020-03-04 14:15:06  

 

图片默认标题_fororder_微信图片_20200304141338

图片默认标题_fororder_微信图片_20200304141301

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဒီလ ၂ ရက်နေ့က ပီကင်းမှာ COVID-19 ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်မှု သိပံ္ပနည်းပညာ သုတေသနပြုရေးလုပ်ငန်းကို လေ့လာကြည့်ရှုရာမှာ၊ လူသားများရဲ့ ရောဂါ တိုက်ဖျက်ဖို့ အားအကောင်းဆုံးသော လက်နက်ဟာ သိပံ္ပနည်းပညာပဲ ဖြစ်ကြောင်း၊ လူသားများက ဘေးအန္တရာယ်ကြီးများ၊ ကူးစက်ရောဂါကြီးများကို အောင်မြင်စွာ တိုက်ဖျက်လိုရင် သိပံ္ပနည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာ ဆန်းသစ်တီထွင်မှုနဲ့ ခွဲမရကြောင်း ပြောကြားခဲ့ပါတယ်။

တရုတ်သိပံ္ပပညာရှင်များဟာ AI နည်းပညာနဲ့ အဆင့်မြင့် တွက်ချက်နည်းပညာကို အသုံးပြုပြီး တစ်လကြာ အချိန်နဲ့ပဲ ဗိုင်းရပ်စ်ရဲ့ nucleic acid sequenceကို ချမှတ်ခဲ့ပြီး တစ်ကမ္ဘာလုံးအား အဲဒီ သုတေသနရလဒ်ကို အချိန်မီ ထုတ်ပြန်၍ COVID-19 ကူးစက်ရောဂါ ကုသဖို့ ဆေးသစ်နဲ့ ကာကွယ်ဆေး လေ့လာ ထုတ်လုပ်မှုကို တွန်းအား ပေးလိုက်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒါရိုက်တာချုပ် Bruce Aylward က မကြာခင်က စီချွမ်းပြည်နယ်မှာ လုပ်ငန်း လေ့လာကြည့်ရှုရာမှာ၊ ဝေးလံခေါင်းပါးတဲ့ ဒေသမှာ ကူးစက်ရောဂါ စုံစမ်းစစ်ဆေးရေး လုပ်ငန်းအဖွဲ့က 5G ပလက်ဖောင်းကတစ်ဆင့် ပြည်နယ် အတွင်းရှိ အခြား ပါရဂူများနဲ့ အမြင်ချင်း ကူးလူးဖလှယ်တာကို တွေ့မြင်တော့ သူက ရှေးဟောင်းနည်းလမ်းနဲ့ ခေတ်မီ သိပံ္ပနည်းပညာကို ပေါင်းစပ်ပြီး ပိုမိုကြီးမားတဲ့ အကျိုးသက်ရောက်မှု ရရှိနေကြောင်း ချီးကျူး ပြောကြားခဲ့ပါတယ်။

ကူးစက်ရောဂါကို ထိန်းချုပ်ကာကွယ်ရာမှာ အရင်းခံ အကျဆုံး၊ ထိရောက်မှု အရှိဆုံးသော နည်းလမ်းဟာ ဗိုင်းရပ်စ် ကူးစက်လမ်းကြောင်းကို ဖြတ်တောက်ဖို့ပဲ ဖြစ်ပါတယ်။ နွေဦးပွဲတော် အချိန်ကာလမှာ တရုတ်ပြည်မှာ သွားလာသူဦးရေ အလွန် များပြားတယ်။ သက်ဆိုင်ရာဌာနများက နိုင်ငံသားများ လူခွဲခြားသိမြင်ရေး ကွန်ရက် စနစ်ကို အသုံးပြုပြီး ကူးစက်ရောဂါ အစောဆုံး ဖြစ်ပွါးရာနေရာမှာ နေခဲ့ဖူးသူများကို လိုက်လံ ရှာဖွေပြီး ဗိုင်းရပ်စ်ကို ထိတွေ့နိုင်သူများကို အမြန်ဆုံး ရှာဖွေ တွေ့ရှိကာ ဒီလိုနဲ့ အရင်းအမြစ်ကနေ ဗိုင်းရပ်စ် ကူးစက် လမ်းကြောင်းကို ဖြတ်တောက်လိုက်ပါတယ်။ ဒါ့အပြင် ဒေသအရပ်ရပ်မှ ရထားဘူတာများမှာလည်း AI ကိုယ်ပူချိန် တိုင်းတာရေး စက်ကိရိယာများ တပ်ဆင်ထားပြီး လူလူချင်း ထိတွေ့မှု မရှိဘဲနဲ့ ဖျားနေသူများကို အမြန်ဆုံး ရှာတွေ့နိုင်တယ်လို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။ (ကျော့)