马宁

မြန်မာအစိုးရသည် ဆန် တန်ချိန် ၂၀၀ တရုတ်ပြည်အား လှူဒါန်း

(GMT+08:00)2020-03-02 13:45:28  

  ယခု မတ်လ ၁ ရက်နေ့တွင် မြန်မာအစိုးရသည် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကူးစက်မှုခံနေရသည့် ဝူဟန့်မြို့သူမြို့သားများ အပါအဝင် တရုတ်ပြည်သူပြည်သားများအား ဆန် တန်ချိန် ၂၀၀ ကို လှူဒါန်းခဲ့ကြောင်း၊ ယင်းလှူဒါန်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Haiသည် အဆိုပါ ဆန်များကိုလက်ခံပြီး မြန်မာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦးတို့ တက်ရောက်ခဲ့ကြကြောင်း China Media Group မှ သတင်းအရသိရပါသည်။

图片默认标题_fororder_陈海1

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကို ကုသ၊ ထိန်းချုပ် ရာတွင် တရုတ်အစိုးရ၏ ဆောင်ရွက်မှုများသည် အကျိုးသက်ရောက်မှုရှိပြီး မျက်မှောက်အချိန်တွင် ကူးစက်ခံရသူဦးရေ လျော့နည်းလာ၍ ရောဂါဖြစ်ပွားမှု အခြေအနေကိုလည်း ကောင်းမွန်စွာ ထိန်းချုပ်နေကြောင်း၊ မိမိအနေနှင့် တရုတ်ပြည် စီးပွားရေး ရှေ့အလားအလာအပေါ် ယုံကြည်စိတ်ရှိပြီး လက်ရှိ အခက်အခဲများကို အမြန်ဆုံးကျော်လွှားနိုင်ရန် ဆုတောင်းကြောင်း ပြောကြားသည်။

  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးMr. Chen Haiက မြန်မာအစိုးရ လှူဒါန်းသော ဆန်များအတွက် ကျေးဇူးကြောင်း ဖော်ပြသည့်အပြင် တရုတ်ပြည်ဘက်အနေနှင့် မြန်မာနိုင်ငံ အပါအဝင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ခံနေရသော နိုင်ငံများအား တတ်နိုင်သမျှ ကူညီမှုများ ဆောင်ရွက်ပေးသွားရန် ဆန္ဒရှိကြောင်းလည်း ပြောကြားသည်။

图片默认标题_fororder_陈海2

  တရုတ် ZTO အမြန်ချောပို့ ကော်ပိုရေးရှင်း မြန်မာကုမ္ပဏီသည်  တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို အကျိုးပြုသည့်အနေဖြင့် ယခုအကြိမ် လှူဒါန်းခဲ့သော ဆန် တန်ချိန် ၂၀၀ကို အခမဲ့ သယ်ယူပို့ဆောင် ပေးမည် ဖြစ်ကြောင်းသတင်းအရ သိရပါသည်။