邹立莹

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်ပြည် ကူးစက်ရောဂါ တိုက်ဖျက်ရေး ကြိုးပမ်းမှုကို ချီးကျူးပြီး မုသား စကားဖြန့်နေသူများအား ပြစ်တင်ရှုတ်ချရမည်ဟု ဆို

(GMT+08:00)2020-02-23 15:59:55  

နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင် ကူးစက်ရောဂါဆိုင်ရာ တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို မကြာမီက လာအိုနိုင်ငံ ဗီယင်ကျမ်း မြို့၌ ကျင်းပခဲ့ရာ တရုတ်နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် တရုတ်ပြည်၏ ကူးစက်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ထိရောက်သော ဆောင်ရွက်မှုများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

ယခုလ ၂၁ ရက်နေ့တွင် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး လော်ချင်က တွစ်တာ၌ ဆောင်းပါး ရေးသားပြီး၊ တရုတ်ပြည် ကူးစက်ရောဂါ တိုက်ဖျက်ရေး ကြိုးပမ်းမှုကို ချီးကျူးခဲ့ပါသည်။ တစ်ချိန်တည်းတွင် ၄င်းက မုသားစကားကို ဖြန့်နေသူများနှင့် အစိုးရကို ပြစ်တင်ရှုတ်ချရမည် ဖြစ်ပြီး ၄င်းတို့သည် လူသားတစ်ရပ်လုံး ရင်ဆိုင်နေရသော အန္တရာယ်ကို ပထဝီ နိုင်ငံရေးဗျူဟာဆိုင်ရာ ကိရိယာ အဖြစ် အသုံးပြုနေသဖြင့် ရှက်သည်ဟု ခံစားသင့်ကြောင်း ဖေါ်ပြထားပါသည်။