邹立莹

ဝမ်ယိသည် လာအို နိုင်ငံခြားရေးဝန်ကြီး စာလွန်စေနှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2020-02-22 16:20:57  

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ယခုလ ၂၀ ရက်နေ့ညက လာအိုနိုင်ငံ ဗီယင်ကျမ်းမြို့၌ လာအို နိုင်ငံခြားရေးဝန်ကြီး စာလွန်စေနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဝမ်ယိက၊ တရုတ်-လာအို ဆက်ဆံမှုသည် ကံကြမ္မာ အသိုက်အဝန်းကို တည်ထောင်ရန် ခေတ်သစ်သို့ ဝင်ရောက်လာပြီ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် လာအိုနိုင်ငံနှင့်အတူ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပါတီမှ ထိပ်သီးခေါင်းဆောင်များ၏ အရေးကြီး သဘောတူညီမှုများ ဖေါ်ဆောင်ရေးကို အဓိကအဖြစ်ထားပြီး လာမည့်နှစ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထားရှိသည့် နှစ် ၆၀ ပြည့်မြောက်ခြင်းကို အခွင့်ကောင်း အဖြစ်ထားကာ နယ်ပယ်အသီးသီးမှ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေး၍ တရုတ်-လာအို ချစ်ကြည်ရေး အခန်းကဏ္ဍ သစ်ကို ဖွင့်လှစ်ပေးလိုပါကြောင်း ပြောကြားပါသည်။