马宁

NCP ပြဿနာဆိုင်ရာ တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူး အစည်းအဝေးကို ဗီယင်ကျန်း၌ ကျင်းပ

(GMT+08:00)2020-02-20 17:45:50  

图片默认标题_fororder_1

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင် ကူးစက်ရောဂါဆိုင်ရာ (NCP) တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်၌ ကျင်းပ ခဲ့ကြောင်း၊ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နှင့် အာဆီယံ-တရုတ် ဆက်ဆံရေးညှိနှိုင်းမှုနိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးတို့သည် ပူးတွဲဦးစီးကျင်းပခဲ့ကြောင်း၊ အာဆီယံနိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများသည် ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

图片默认标题_fororder_2

ဝမ်ယိက မိန့်ခွန်းပြောကြားရာတွင် NCP ခုခံကာကွယ်ရေးအတွက် တရုတ်ပြည်မှ ကျင့်သုံးနေသော အားကောင်းသည့် ဆောင်ရွက်ချက်များနှင့် ရရှိခဲ့သော အကျိုးသက်ရောက်မှုများကို သေချာစွာ မိတ်ဆက်ပေးခဲ့ကြောင်း၊ တရုတ် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် NCPမှ ဆောင်ကြဉ်း လာသော စိန်ခေါ်မှုသည် ယာယီစိန်ခေါ်မှုပင် ဖြစ်ကြောင်း၊ တရုတ် စီးပွားရေးသည် ရေရှည်ခိုင်မာမှုနှင့် ရှင်သန်မှုရှိပြီး အားကောင်း၍ ရေရှည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်သည့် ရှေ့အလားအလာသည် ပြောင်းလဲမည် မဟုတ်ကြောင်း၊ ရောဂါကူးစက်ပြန့်ပွားမှုသည် နယ်နိမိတ်မျဉ်းကြောင်း မရှိကြောင်း၊ တရုတ်နှင့် အာဆီယံတို့သည် ညီအစ်ကိုပမာ ခင်မင်ရင်းနှီးကြောင်း၊ နှစ်ဖက်တို့သည် ပိုမိုနွေးထွေးတက်ကြွသော ပူးပေါင်းဆောင်ရွက်မှုဖြင့် NCPကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ တားဆီးပြီး နိုင်ငံအသီးသီးမှ ပြည်သူ များ၏ အသက်လုံခြုံရေးနှင့် ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ရန် ကြိုးပမ်း ဆောင်ရွက်သင့်ကြောင်း၊ နှစ်ဖက်တို့သည် ဆက်သွယ်မှုနှင့် ညှိနှိုင်း ဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ပြီး NCPခုခံကာကွယ်ရေးကို ပူးတွဲ ဆောင်ရွက်ရန်၊ ရေရှည်ရှုထောင့်မှကြည့်ပြီး ရေရှည် စနစ်ကို တည်ဆောက်ရန်၊ သိပံ္ပနည်းကျပြီး ဆင်ခြင်မှုရှိသော သဘောထားဖြင့် ထိတ်လန့်မှုကို ကျော်လွှားရန် လက်တွဲကြိုးပမ်းဆောင်ရွက်ကြမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင် ၄င်းအစည်းအဝေးတွင် NCPပြဿနာဆိုင်ရာ တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး ပူးတွဲကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။