马宁

China Media Groupမှ အနောင်စာသည် လာအို အင်တာနက် သုံးစွဲသူများအား novel coronavirus အဆုတ်ရောင်နာ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး ဗဟုသုတများ ဖြန့်ချိသင်ပေး

(GMT+08:00)2020-01-26 16:23:08  

  မကြာခင် ရက်များက စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်စသည့် အာဆီယံ နိုင်ငံများတွင် novel coronavirus အဆုတ်ရောင်နာ ကူးစက်ရောဂါ ကူးစက်ခံရသူများကို ရှေ့ဆင့်နောက်ဆင့် တွေ့ရှိခဲ့ကြောင်း၊ လာအို အင်တာနက် သုံးစွဲသူ အချို့သည် ၄င်းကူးစက်ရောဂါ ပြန့်ပွားမှု အခြေအနေ အပေါ် စိုးရိမ်မကင်း ဖြစ်မိကြောင်း၊ China Media Groupမှ လာအိုဘာသာ အနောင်စာ တာ့ပေါင်သည် ယခုလ ၂၂ရက်နေ့က ထုတ်လွှင့်ခဲ့သော အစီအစဉ်တွင် ၄င်းကူးစက်ရောဂါ အခြေအနေ၏ ဖြစ်ပေါ် တိုးတက်မှုနှင့် တရုတ် အစိုးရမှ ကျင့်သုံးဆောင်ရွက်နေသော အသေးစိတ် ခုခံကာကွယ်ရေး ဆောင်ရွက်ချက်များကို မိတ်ဆက်ပြီး လာအို အင်တာနက် သုံးစွဲသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားကာ ၄င်းရောဂါ ကြိုတင်ကာကွယ်ရေး ဗဟုသုတများကိုလည်း ဖြန့်ချိသင်ပေးကြောင်း၊ လာအို အင်တာနက် သုံးစွဲသူများသည် ၄င်းကို ချီးကျူးကြကြောင်း China Media Groupမှ သတင်းအရ သိရသည်။

图片默认标题_fororder_老挝1