辛甜

“VR လှပသော တရုတ်ပြည် - ခရီးသွား အပြန်အလှန် လှုပ်ရှားရေး လက်တွေ့ခံစားမှုပြခန်း” အခမ်းအနားကို ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပ

(GMT+08:00)2020-01-23 12:10:07  

图片默认标题_fororder_微信图片_20200122110040_meitu_8

ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့တွင် “VR လှပသော တရုတ်ပြည် - ခရီးသွား အပြန်အလှန် လှုပ်ရှားရေး လက်တွေ့ခံစားမှုပြခန်း” အခမ်းအနားကို ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယဉ်ကျေးမှုသံမှူး Mr. Pan Feng၊ ရန်ကုန် အမျိုးသား ယဉ်ကျေးမှုအနုပညာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်၊ မြန်မာ-တရုတ် ခရီးသွား လုပ်ငန်း မြှင့်တင်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းမြင့်၊ ရန်ကုန် တရုတ်ယဉ်ကျေးမှု စင်တာ စင်တာတာဝန်ခံ Ms. Xu Ling စသည်တို့ တက်ရောက်ခဲ့ကြပါသည်။

图片默认标题_fororder_2R6A0518.JPG

ယခုအကြိမ်ကျင်းပသော “VR လှပသောတရုတ်ပြည် —ခရီးသွားအပြန်အလှန် လှုပ်ရှားရေး လက်တွေ့ခံစားမှုပြခန်း” အခမ်းအနားသည် virtual reality (VR) နည်းပညာစွမ်းရည်အား အမှီပြု၍ တရုတ်နိုင်ငံ၏သဘာဝရှုခင်း၊ သမိုင်း ယဉ်ကျေးမှုနှင့် ဒေသဝိသေသလက္ခဏာများကို မြန်မာနိုင်ငံပြည်သူများအား ပြသခြင်းဖြစ်ပါသည်။ VR အကူအညီဖြင့် “ရောက်ရှိခြင်း”၊ “ထိတွေ့ခြင်း”၊ “သိရှိခံစားခြင်း” တို့ဖြင့် လက်တွေ့ခံစားသူအား လက်တွေ့အခြေအနေတစ်ရပ်ကို ရောက်ရှိ စေမည်ဖြစ်ပါသည်။

图片默认标题_fororder_微信图片_20200122113919

ဇန်နဝါရီ ၁၇ရက်၊ ၁၈ရက်၊ ၂၁ရက်နေ့များတွင် မှော်ဘီနည်းပညာ တက္ကသိုလ်၊ BoWen ပညာရေးစင်တာ၊ BoRui စာသင်ကျောင်းစသည့် မြန်မာ နိုင်ငံရှိ စာသင်ကျောင်းများမှ ကျောင်းသားများ လာရောက်ကြည့်ရှု ခံစားကြပြီး ယင်း VR ပြပွဲကို ဖေဖော်ဝါရီလ ၈ရက်နေ့အထိ ကျင်းပမည် ဖြစ်ပါသည်။ တစ်ချိန်တည်းတွင် ရန်ကုန် တရုတ်ယဉ်ကျေးမှု စင်တာ၌လည်း “တရုတ်-မြန်မာအလှ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ဓာတ်ပုံပြပွဲ”ကိုလည်း ကျင်းပလျက်ရှိကြောင်း သိရပါသည်။

图片默认标题_fororder_2R6A0489_meitu_3