徐敏霞

တရုတ်-မြန်မာ ရေနံပိုက်လိုင်းသည် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ဆက်နွှယ်ထား

(GMT+08:00)2020-01-20 10:38:07  

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာမီက မြန်မာနိုင်ငံသို့ ခရီးလှည့်လည်ပြီး နှစ်နိုင်ငံတို့သည် အေးအတူ ပူအမျှ အသိုက်အဝန်းကို လက်တွဲ တည်ထောင်ရန် ကြေညာခဲ့ပါသည်။ တရုတ်-မြန်မာ ရေနံပိုက်လိုင်းသည် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ဆက်နွှယ်ထားသည့် လုပ်ငန်းစဉ်ပင် ဖြစ်ပါသည်။

တရုတ်-မြန်မာ ရေနံပိုက်လိုင်းလုပ်ငန်းမှာ ၂၀၁၀ ပြည့်နှစ်က တရားဝင် စတင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။ လုပ်ငန်းများ စတင် လည်ပတ် ပြီးနောက် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ပြည်သူများ၏ စွမ်းအင်လုပ်ငန်းအတွက် အကျိုးပြုသည့်အပြင် ဒေသခံ ပြည်သူများ အတွက်လည်း အကျိုးစီးပွါးများ ဆောင်ကြဉ်းပေးခဲ့ပါသည်။

တရုတ်-မြန်မာ ရေနံပိုက်လိုင်းလုပ်ငန်းဆိုင်ရာ ဒုမန်နေဂျာချုပ် ချင်ရှမ်ချို့၊ ရေနံပိုက်လိုင်းလုပ်ငန်း ဆောက်လုပ်ရေးနှင့် လည်ပတ်ရေးတွင် နှစ်နိုင်ငံ အပြန်အလှန် အကျိုးရှိစေရေးမူကို အစဉ်တစိုက် လိုက်နာစောင့်စည်းပါကြောင်း၊ ယင်းသည် အနာဂတ် နှစ်နိုင်ငံ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ထောင်ရေးအတွက် အစကောင်း တစ်ရပ် ပြုနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။ (ကျော့)