徐敏霞

မြန်မာ အဓိကမီဒီယာများတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဆောင်းပါးကို ထုတ်ပြန်

(GMT+08:00)2020-01-17 10:08:17  

图片默认标题_fororder_bochu1

图片默认标题_fororder_bochu2

图片默认标题_fororder_bochu3

ယခုလ ၁၆ ရက်နေ့က မြန်မာ့အလင်း၊ ကြေးမုံနှင့် The Global New Light of Myanmar သတင်းစာများတွင် နှစ်ပေါင်းထောင်ချီ ကြာမြင့်သော ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရေးကို ဆက်လက် ပုံဖေါ်မည့် စာမျက်နှာသစ်များ ခေါင်းစဉ် ဖြစ်သည့် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဆောင်းပါးကို ထုတ်ပြန်ထားပါသည်။ ယင်းနေ့၌ပင် MITV နှင့် MIR သည်လည်း ရှီကျင့်ဖိန်၏ ယင်းဆောင်းပါးကို ထုတ်ပြန်သည်ဟု စီစီတီဗီမှ သတင်းဖေါ်ပြထားပါသည်။

MITV ၏ ၁၆ ရက်နေ့က Myanmar Today အစီအစဉ်တွင် ရှီကျင့်ဖိန်၏ ဆောင်းပါးကို အသံလွှင့်ပြီး ကျွမ်းကျင်ပညာရှင်များ အင်တာဗျူး အစီအစဉ်များကိုလည်း ပြုလုပ်ခဲ့ပါသည်။ MIR သည်လည်း ရှီကျင့်ဖိန်၏ဆောင်းပါးနှင့် ခေတ်သစ် ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရေး ခေါင်းစဉ် ဖြစ်သည့် China Media Group မှ ဆောင်းပါးကို ထုတ်လွှင့်ထားပါသည်။