徐敏霞

မြန်မာ နာမည်ကြီးပုဂ္ဂိုလ်များသည် တရုတ်နှင့်မြန်မာ Belt and Road ပူးပေါင်းဆောင်ရွက်ရေး အလားအလာ အကြောင်း ဆွေးနွေး

(GMT+08:00)2020-01-17 10:09:37  

图片默认标题_fororder_zhimin2

图片默认标题_fororder_zhimin1

图片默认标题_fororder_zhimin3

图片默认标题_fororder_zhimin4

China Media Group မှ ဦးစီးဆောင်ရွက်သော Belt and Road ပူးပေါင်းဆောင်ရွက်ရေး မီဒီယာ စကားဝိုင်းကို ယခုလ ၁၅ ရက်နေ့က ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံရှိ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များသည် Belt and Road ပူးပေါင်းဆောင်ရွက်ရေး အလားအလာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါသည်။

မြန်မာ နာမည်ကြီး စာရေးဆရာ ဟိန်းလတ်က၊ တရုတ်နှင့် မြန်မာ Belt and Road ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးသည် နှစ်ဖက်စလုံး အကျိုးစီးပွါး ခံစားစေနိုင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

မြန်မာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဝင် ဦးအေးလွင်က၊ Belt and Road ကမ်းလှမ်းချက်သည် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းများစွာ ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

မြန်မာသမ္မတ၏ နိုင်ငံရေးနှင့် စီးပွါးရေး အတိုင်ပင်ခံ ဒေါက်တာ ဦးအောင်ထွန်းသက်က၊ Belt and Road ကမ်းလှမ်းချက်သည် မြန်မာနိုင်ငံအတွက် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များသာ မကဘဲ တရုတ်နိုင်ငံက ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကြံဥာဏ်ကောင်းပေးခြင်းလည်း ဖြစ်ကြောင်း ပြောကြားပါသည်။

ရန်ကုန် မီဒီယာအုပ်စု ဥက္ကဋ္ဌ ဦးကိုကိုကလည်း Belt and Road ကမ်းလှမ်းချက်ပါ အတူ တိုင်ပင် အတူ တည်ဆောက် အတူ မျှဝေ ခံစားရေး အယူဝါဒကို ချီးကျူးပါသည်။