徐敏霞

တစ်ရေထဲသောက် ဖြစ်သည့် တရုတ်နှင့် မြန်မာ နိုင်ငံတို့သည် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို အတူမျှဝေခံစားသော ဆွေမျိုးပေါက်ဖေါ် ညီအစ်ကို ဖြစ်မည်ဟု သံအမတ်ကြီး ချင်ဟိုင် ဆို

(GMT+08:00)2020-01-17 10:06:34  

မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံသို့ တရားဝင် ခရီး လှည့်လည်မည် ဖြစ်ပါသည်။ ယင်းမတိုင်မီက မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ချင်ဟိုင်က China Media Group အပါအဝင် မီဒီယာများမှ သတင်းထောက်များနှင့် တွေ့ဆုံခဲ့ပါသည်။ ချင်ဟိုင်က၊ တရုတ်နိုင်ငံ၏ ရှင်သန်ရေးအိပ်မက်သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးအိပ်မက်နှင့် အပြန်အလှန် အကျိုးပြုနိုင်မည် ဖြစ်ပြီး တစ်ရေထဲသောက် ဖြစ်သည့် တရုတ်နှင့် မြန်မာ နိုင်ငံတို့သည် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို အတူမျှဝေခံစားသော ဆွေမျိုးပေါက်ဖေါ် ညီအစ်ကို ဖြစ်မည်ဟု ပြောကြားခဲ့ပါသည်။

ချင်ဟိုင်က၊ တရုတ်နှင့်မြန်မာ နှစ်နိုင်ငံတို့သည် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ မြန်မာ ခရီးစဉ်ကို အခွင့်ကောင်း အဖြစ် ထားပြီး နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ ဆက်နွှယ်ခြင်းကို တစ်ဆင့်တိုး တွန်းအားပေးမည် ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်ရေး စာတမ်းများကို ချုပ်ဆိုပြီး အရေးကြီး စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များတွင် အပြုသဘောဆောင်သော တိုးတက်မှုများ ရရှိရန် တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ချင်ဟိုင်က၊ မျက်မှောက်အချိန်ကာလတွင် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံတို့သည် Belt and Road နှင့် တရုတ်-မြန်မာ စီးပွါးရေး စင်္ကြံကို တက်ကြွစွာ အတူ တည်ဆောက်နေကြောင်း၊ တရုတ်နိုင်ငံသည် စိတ်ရင်းစေတနာသန့်သန့်ဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး စီမံကိန်းနှင့် လိုအပ်ချက်အရ၊ မြန်မာနိုင်ငံ၌ ပညာရေး၊ ဆေးဝါးကုသရေး၊ ဆင်းရဲမှု ပပျောက်ရေး အပါအဝင် ပြည်သူလူထုများ နေထိုင်မှုဘဝဆိုင်ရာ လုပ်ငန်းစဉ်များကို တွန်းအားပေးမည် ဖြစ်၍ မြန်မာနိုင်ငံနှင့် လယ်ယာစိုက်ပျိုးရေး၊ ခရီးသွား၊ အခြေခံ အဆောက်အဦ ဆောက်လုပ်ရေး အပါအဝင် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။