李悦

ရှီကျင့်ဖိန်နှင့် ကမ္ဘာ့တစ်ကွင်း လမ်းတစ်စင်း စာအုပ်ရေးသားသူ--မြန်မာစာရေးဆရာ ဟိန်းလတ်

(GMT+08:00)2020-01-16 18:17:30  

    ဥက္ကဋ္ဌရှီကျင့်ဖိန် မြန်မာနိုင်ငံသို့ တရားဝင်ခရီးလှည့်လည်မည့် အခါသမယတွင် China Media Group သည် စာရေးဆရာဟိန်းလတ်နှင့်ပူးပေါင်းပြီး ရှီကျင့်ဖိန်နှင့် ခါးပတ်တစ်ကွင်း လမ်းတစ်စင်း မြန်မာဘာသာစာအုပ်ကို အတူထုတ်ဝေကာ China Media Group မှ ထုတ်လုပ်သော လေ့လာမှတ်သား တရုတ်ဂန္ထဝင်စာသားများ မြန်မာဘာသာအစီအစဉ်နှင့် စာအုပ်ထုတ်လုပ်မှုတွင်လည်း ၄င်းအား ပါဝင်ဖို့ ဖိတ်ခေါ်ထားပါသည်။စာရေးဆရာ ဟိန်းလတ်က ရှီကျင့်ဖိန်နှင့် ခါးပတ်တစ်ကွင်း လမ်းတစ်စင်း ကို မျက်မှောက်ခေတ်မှာ ဂရုစိုက် မှု အတော်များများရရှိခဲ့ပြီး မိမိအနေနှင့် မြန်မာစာဖတ်ပရိသတ်များအား ရှီကျင့်ဖိန်နှင့် ခါးပတ်တစ်ကွင်း လမ်းတစ်စင်း အကြောင်းကို မိတ်ဆက်နိုင်ရန် မျှော်လင့်ကြောင်း၊ မြန်မာပြည်သူများ ခါးပတ်တစ်ကွင်း လမ်းတစ်စင်းကမ်းလှမ်းချက်ကို ပိုမိုသိရှိနားလည်ပြီး တရုတ်နိုင်ငံအကြောင်းကို ပိုမိုပြည့်စုံအောင် နားလည်စေကြောင်း ပြောကြားပါသည်။

    ဦးဟိန်းလတ်သည် မြန်မာနိုင်ငံမှ နာမည်ကျော်စာရေးဆရာဖြစ်ပြီး ယခုချိန်အထိ စာအုပ် ၁၉၁ အုပ်ထုတ်ဝေခဲ့ကာ ၄င်းအနက် တရုတ်နိုင်ငံဆိုင်ရာစာအုပ် ၁၂ အုပ်ထုတ်ဝေခဲ့သည်ဟု သိရပါသည်။