တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ မြန်မာ နိုင်ငံ ခရီးစဉ် စတင်တော့မည့် အခါသမယတွင် နှစ်နိုင်ငံ မီဒီယာများ ကူးလူးဖလှယ်မှုကို တွန်းအား ပေးရန် အတွက် China Media Group မှ ဦးစီး ဆောင်ရွက်သော တရုတ်နှင့်မြန်မာ Belt and Road မီဒီယာ စကားဝိုင်းကို ယခုလ ၁၅ ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း၊ တရုတ်နှင့် မြန်မာ မီဒီယာပုဂ္ဂိုလ်များသည် ဥက္ကဋ္ဌ ရှီကျင့်ဖိန် စတင်တော့မည့် မြန်မာ ခရီးစဉ်၊ Belt and Road ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ တရုတ်-မြန်မာ ဆက်ဆံမှု တိုးမြှင့်ရေးတွင် မီဒီယာ၏ အခန်းကဏ္ဍ စသဖြင့် ဆွေးနွေးခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။
စကားဝိုင်း တက်ရောက်သူများက၊ နှစ်နိုင်ငံ မီဒီယာများ အနေနှင့် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး တွန်းအားပေးပြီး အနောက်နိုင်ငံ မီဒီယာများမှ ပကတိကျမှုနှင့် တရားမျှတမှု မရှိသော အနှောင့်အယှက်ပြုမှုများနှင့် နိုင်ငံတကာ၊ ဒေသဆိုင်ရာ အခြေအနေများ အဆက်မပြတ် ပြောင်းလဲမှုကို လက်တွဲ ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဖေါ်ပြကြပါသည်။
စကားဝိုင်းတွင် “ရှီကျင့်ဖိန်နှင့် ခါးပတ်တစ်ကွင်း လမ်းတစ်စင်း” စာအုပ် ထုတ်ဝေဖြန့်ချိပွဲကိုလည်း ကျင်းပခဲ့ပါသည်။ ယင်းစာအုပ်ကို China Media Group နှင့် မြန်မာ နာမည်ကျော် စာရေးဆရာ ဟိန်းလတ်တို့ ပူးပေါင်းပြီး ထုတ်ဝေခြင်း ဖြစ်ကြောင်း သိရပါသည်။