徐敏霞

“လေ့လာမှတ်သား တရုတ်ဂန္ထဝင်စာသားများ” ရုပ်သံ အစီအစဉ်မှနေ တရုတ်ပြည်အကြောင်း နားလည်သိရှိလာသည်ဟု မြန်မာ ပရိသတ်များ ဆို

(GMT+08:00)2020-01-15 09:57:16  

图片默认标题_fororder_diangu2

图片默认标题_fororder_diangu1

图片默认标题_fororder_diangu3

图片默认标题_fororder_diangu7

图片默认标题_fororder_diangu4

图片默认标题_fororder_diangu6

“လေ့လာမှတ်သား တရုတ်ဂ္ထဝင်စာသားများ” ရုပ်သံ အစီအစဉ်များကို ယခုလ ၁၄ ရက်နေ့မှစ၍ မြန်မာနိုင်ငံ Sky Net Knowledge ချန်နယ်၌ စတင် ပြသခဲ့ပါသည်။

“လေ့လာမှတ်သား တရုတ်ဂန္တဝင်စာသားများ” ရုပ်သံ အစီအစဉ်များသည် မြန်မာ ပရိသတ်များ၏ ကြိုက်နှစ်သက်မှု ရရှိရပါသည်။ မြန်မာပရိသတ်များက၊ တရုတ်ဂန္ထဝင်စာသားများကို လေ့လာကြည့်ရှုခြင်းဖြင့် တရုတ်ပြည် သမိုင်းနှင့် ယဉ်ကျေးမှု အကြောင်းနှင့် တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ရေး အကြောင်းများကို ပိုမို နားလည် သိရှိလာပြီဟု ပြောကြားခဲ့ကြပါသည်။

မြန်မာနိုင်ငံ Sky Net Knowledge ချန်နယ် ဒါရိုက်တာချုပ် ဦးသိန်းသန်းဦးက၊ “လေ့လာမှတ်သား တရုတ်ဂန္ထဝင်စာသားများ” ရုပ်သံ အစီအစဉ်များသည် သိမ်မွေ့သေသပ်ပြီး၊ မြန်မာ ပရိသတ်များက တရုတ်ယဉ်ကျေးမှုနှင့် တရုတ် ခေါင်းဆောင်ကြီး၏ အရည်အချင်းကို နားလည်သိရှိရန်အတွက် ရှုထောင့်အသစ် တစ်ရပ်ကို ဖန်တီးပေးနေကြောင်း ပြောကြားပါသည်။

ရန်ကုန် မီဒီယာအုပ်စု ဥက္ကဋ္ဌ ဦးကိုကိုက၊ ရှီကျင့်ဖိန် နှစ်သက် သဘောကျသည့် တရုတ်ဂန္ထဝင်စာသားများသည် လမ်းညွှန်သည့် အဓိပ္ပါယ် ပါရှိပြီး ယနေ့ နိုင်ငံ အသီးသီးမှ ခေါင်းဆောင်များ၏ နိုင်ငံတော် စီမံခန့်ခွဲရေးနှင့် မိမိတို့ ရိုးရိုးသာမန်သူများ၏ နေထိုင်မှု ဘဝ အတွက် အလင်းဥာဏ်ပေးနိုင်ကြောင်း ပြောကြားပါသည်။

“လေ့လာမှတ်သား တရုတ်ဂန္တဝင်စာသားများ” ရုပ်သံ အစီအစဉ်များကို China Media Group က ထုတ်လုပ်ပြုစုခြင်း ဖြစ်ပြီး ရှီကျင့်ဖိန်၏ မိန့်ခွန်း၊ ဆောင်းပါးများတွင် အသုံးပြုသည့် တရုတ်ပြည် ရှေးခေတ်က ကျမ်းဂန်ပုံပြင်များနှင့် စာသားများကို ပြသထားကြောင်း သတင်း ရရှိပါသည်။ (ကျော့)