辛甜

မျက်မှောက်ခေတ် တရုတ်နိုင်ငံနှင့်ကမ္ဘာ-----မြန်မာ-တရုတ်အကြံပြုသုတေသီအဖွဲ့များ၏ ဆွေးနွေးပွဲကို ရန်ကုန်၌ ကျင်းပ

(GMT+08:00)2020-01-15 16:55:30  

ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် မြန်မာနိုင်ငံသို့ တရားဝင်ခရီးလှည့်လည်မည်ဖြစ်သည်။ ခရီးမလှည့်လည်ခင် တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနတို့ သည် ရန်ကုန်မြို့၌ မျက်မှောက်ခေတ် တရုတ်နိုင်ငံနှင့်ကမ္ဘာ-----မြန်မာ-တရုတ် အကြံပြုသုတေသီအဖွဲ့များ၏ ဆွေးနွေးပွဲကို ပူးတွဲကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က ဥက္ကဋ္ဌရှီကျင့်ဖိန်၏ ယခုအကြိမ် ခရီးလှည့်လည်မှုသည် တရုတ်-မြန်မာဆက်ဆံရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်မည်ဟု ပြောကြားပါသည်။

မျက်မှောက်ခေတ် တရုတ်နိုင်ငံနှင့်ကမ္ဘာ-----မြန်မာ-တရုတ် အကြံပြုသုတေသီ အဖွဲ့များ၏ဆွေးနွေးပွဲကို ယခုလ ၁၄ ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ တရုတ်-မြန်မာနှစ်နိုင်ငံ နိုင်ငံရေးနယ်ပယ်က အရှိန်အဝါကြီးသူများ၊ ပညာရှင်များ ၂၅၀ ကျော် တက်ရောက်ခဲ့ကြပါသည်။

တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးဥက္ကဋ္ဌ ရှူလင်က တရုတ်နှင့်မြန်မာ နှစ်နိုင်ငံတို့သည် တောတောင်ရေမြေချင်းဆက်စပ်ပြီး သံအဆက်အသွယ်ထားရှိခဲ့သည့် နှစ် ၇၀ အတွင်း နှစ်နိုင်ငံဆက်ဆံရေးသည် ပိုမိုခိုင်မာလာကာ နိုင်ငံနှင့်နိုင်ငံအကြား တန်းတူရည်တူ ဆက်ဆံရေး၊ အကျိုးတူပူးပေါင်းဆောင်ရွက်ရေး၏ စံနမူနာကို တည်ထောင်ခဲ့ကြောင်း ပြောကြားပါသည်။

မြန်မာနိုင်ငံ မဟာဗျူဟာ နှင့် နိုင်ငံတကာရေးရာ လေ့လာရေး သုတေသနဌာန အတွင်းရေးမှူးချုပ် ဦးခင်မောင်လင်းက ဥက္ကဋ္ဌရှီကျင့်ဖိန်၏ ယခုအကြိမ်ခရီးလှည့်လည်မှု သည် မြန်မာ-တရုတ်ချစ်ကြည်ရင်းနှီးမှုကို အားသစ်လောင်းပေးရေးအတွက် အထူး အရေးကြီးသော အဓိပ္ပါယ်ပါရှိကြောင်း ပြောကြားပါသည်။