徐敏霞

တရုတ်-မြန်မာ အီးကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးသည် နှစ်နိုင်ငံ ဒီဂျစ်တယ် စီးပွါးရေးကို တွန်းအားပေးနေ

(GMT+08:00)2020-01-13 10:07:31  

图片默认标题_fororder_m1

图片默认标题_fororder_m3

图片默认标题_fororder_m2

 

အခု တရုတ်နိုင်ငံမှာ အင်တာနက် ကူးသန်းရောင်းဝယ်မှုဟာ လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက် နေပါတယ်။ တစ်ချိန်တည်းမှာ Belt and Road တစ်လျှောက်မှ နိုင်ငံများကလည်း အဲဒီ အီးကုန်သွယ်မှု အသွင်ပုံစံကို တဖြည်းဖြည်း အသုံးချလာနေပါတယ်။

ဒေါ်ကျူးကျူးဟာ မြန်မာနိုင်ငံ အင်တာနက် လက်လီရောင်းချမှု ကုမ္ပဏီရဲ့ မန်နေဂျာ တစ်ဦး ဖြစ်တယ်။ အဓိကအနေနဲ့ အင်တာနက်မှာ တရုတ်ပြည်ရဲ့ အဝတ်အစား၊ အလှပြင်ကုန်ပစ္စည်း၊ နေ့စဉ်သုံးကုန်ပစ္စည်းများကို ရောင်းချနေပါတယ်။ China Media Groupမှ သတင်းထောက်နဲ့ တွေ့ဆုံရာမှာ ဒေါ်ကျူးကျူးက၊ ဝင်ငွေ မများတဲ့ မြန်မာလူမျိုးဟာ ဈေးနှုန်းလည်း သက်သာ အရည်အသွေးလည်း ကောင်းမွန်တဲ့ တရုတ် ကုန်ပစ္စည်းကို ပိုသဘောကျတယ်။ ကျွန်မတို့က တရုတ်ပြည်မှ ကုန်ပစ္စည်းများကို တင်သွင်းတာ ဖြစ်ပြီး ပို့ဆောင်ရေးဆိုင်ရာ စရိတ်လည်း မများတာကြောင့် အမြတ်အစွန်း သိပ်မဆိုးပါဘူး။ တရုတ်ပြည်တွင်းမှာ ကုန်ပစ္စည်း ဝယ်တာ ငွေစက္ကူ လက်ငင်းငွေ ပေးတာ ရှားတယ်လို့ ကြားမိတယ်၊ အဲဒါဟာ မြန်မာနိုင်ငံလူမျိုးအဖို့တော့ စဉ်းစားဖို့တောင် ခက်တာပဲ။ တကယ်လို့ မြန်မာနိုင်ငံက အဲဒီ နယ်ပယ်က အတွေ့အကြုံကို မျှဝေ ရရင် မြန်မာ စားသုံးသူများ အကျိုးစီးပွါး ခံစားနိုင်မယ်လို့ ပြောတယ်။

ဟွမ်တန်းဟာ အာလီဘာဘာ အုပ်စု လက်အောက်ခံ သိပံ္ပနည်းပညာ ကုမ္ပဏီ တစ်ခုက အဆင့်မြင့် မန်နေဂျာ တစ်ဦး ဖြစ်တယ်။ အဲဒီ ကုမ္ပဏီဟာ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံမှာ စတင် လုပ်ငန်း ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး မြန်မာဒေသခံများအတွက် အီးရောင်းဝယ်မှုဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်း ၆၀၀၀ ကျော်ကို ပျိုးထောင် ပေးခဲ့ပါပြီ။ ဟွမ်တန်းက၊ တရုတ်နဲ့ မြန်မာ နိုင်ငံဖြတ်ကျော် အီးကုန်သည်များ ရင်ဆိုင်နေရတဲ့ အခွင့်အလမ်းဟာ စိန်ခေါ်မှုထက် များပြီး နှစ်နိုင်ငံရဲ့ စီးပွါးကုန်သွယ်ရေး ဖွံ့ဖြိုးမှု နယ်ပယ်မှာ အီးကုန်သည်များဟာ ပေါင်းကူးတံတားလို အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်တယ်လို့ ပြောဆို ပါတယ်။ (ကျော့)