徐敏霞

အင်ဒိုနီးရှား ဂျကာတာ၌ ရေလွှမ်းမိုးမှု ဖြစ်ပွါး၊ လူ ၄၆ ဦး သေဆုံး

(GMT+08:00)2020-01-05 10:19:22  

အင်ဒိုနီးရှားနိုင်ငံ ဘေးအန္တရာယ် လျှော့ချနှင့် ကယ်ဆယ်ရေး ဦးစီးဌာနမှ ယခုလ ၃ ရက်နေ့က ထုတ်ပြန်သော သတင်းအရ၊ အင်ဒိုနီးရှား ဂျကာတာ၌ ရေလွှမ်းမိုးမှုနှင့် တောင်မြေပြိုကျမှုများ ဖြစ်ပွါးခဲ့ရာ လူ ၄၆ ဦး သေဆုံးပြီး လူ ၁ သိန်း ၇ သောင်းကျော် ဘေးသင့်ခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် အင်ဒိုနီးရှား အစိုးရသည် ဂျကာတာ မြို့၌ ဒုက္ခသည်များစခန်း ၆၆ ခုကို ထားရှိပေးခဲ့ပြီ ဖြစ်ကြောင်း China Media Group မှ သတင်း အရ သိရပါသည်။