徐敏霞

ထိုင်းနိုင်ငံရေး အကြီးအကဲများသည် ၂၀၁၉ ခုနှစ် တရုတ်ပြည် အကြောင်း ပြောကြား

(GMT+08:00)2020-01-05 10:17:16  

လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံသည် အခက်အခဲများကို ကျော်လွှားပြီး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဖေါ်ဆောင်နိုင်ခဲ့ပါသည်။

ထိုင်း ဝန်ကြီးချုပ်ဟောင်း အာဘီစီက China Media Group မှ သတင်းထောက်နှင့် တွေ့ဆုံရာတွင်၊ ၂၀၁၉ ခုနှစ်သည် တရုတ်ပြည်သူများအတွက်ရော ထိုင်းပြည်သူများ အတွက်ပါ အရေးကြီးသည့် နှစ် တစ်နှစ် ဖြစ်ပြီး တစ်နှစ်အတွင်း နှစ်နိုင်ငံ ချစ်ကြည်ရေး ဆက်ဆံမှုသည် ပိုမို ရင်းနှီးလာကြောင်း ပြောကြားပါသည်။

ထိုင်းနိုင်ငံ တရုတ် ယဉ်ကျေးမှုနှင့် စီးပွါးရေး အသင်း ဥက္ကဋ္ဌ၊ လွှတ်တော် ဥက္ကဋ္ဌဟောင်း ပိုခင်က၊ ၂၀၁၉ ခုနှစ်တွင် တရုတ်ပြည် လူတစ်ဦးချင်း ပျမ်းမျှ ဂျီဒီပီသည် အမေရိကန်ဒေါ်လာ ၁ သောင်း ကျော်မည်ဟု ခန့်မှန်းရကြောင်း၊ တရုတ်ပြည်မှ ချမှတ်သော ရည်မှန်းချက်တိုင်းသည် ရှင်းလင်းပြတ်သားပြီး ယင်းကို မိမိတို့ အတုယူ လေ့လာ သင့်ကြောင်း ပြောကြားပါသည်။